menu-iconlogo
huatong
huatong
avatar

အသည်းကွဲပြတိုက် JCZ

Team 143huatong
가사
기록
- အသည်းကွဲပြတိုက်ထဲက

အသဲနှလုံးအပိုင်းအစလေးများ

နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ

အသည်းကွဲပြတိုက်ထဲက

တို့နှစ်ယောက် အမှတ်တရများစွာ

နင်ကြုံလို လမ်းတွေ့မိရင်

အရင်လိုလွမ်းနေအုန်း..မလား

- ပြတိုက်ထဲကလူတစ်ယောက်

အသည်းကွဲမှတ်တမ်းတွေများစွာ

သက်ဆိုင်သူ လမ်းကြုံတွေ့ဖြစ်တဲ့ခါ

ပြန်လို့လွမ်းနေပါ့မလား

ပင်လယ်အောက်က မီးတောင်လို

ခံစားချက်လောင်ကျွမ်းနေရတာ

ခြေရာချင်းထပ်အောင်သွားခဲ့တဲ့

မြေနီကုန်းက လမ်းတွေကြားမှာ

အချစ်ငှက်တွေ တွေ့မိပြန်တော့

မျက်ရည်တွေက ထိန်းမရခဲ့

အတူကြည့်ဖူးတဲ့ ရုပ်ရှင်ရုံ

လက်မှတ်တွေခုထိသိမ်းထားဆဲ

Coffee in the midnight

အိပ်ဆေးတွေသောက်လည်း အိပ်မရခဲ့

ဆံပင်ကုပ်ဝဲနဲ့ မိန်းကလေးတစ်ယောက်

ကျွန်တော့်ကို သက်သက်စိမ်းကားတယ်

- ငါရုတ်တရက် အသည်းလေး

ကွဲသွားခဲ့တုန်းက..

ငါဟာ ရူးရူးမိုက်မိုက် အချစ်ကိုတန်ဖိုးထား

မင်းအတွက်အမြဲတမ်း အသင့်ရှိခဲ့ပြီးမှ..

နင်ရက်စက်စွာ

ထား..ခဲ့တာ

- အသည်းကွဲပြတိုက်ထဲက

အသဲနှလုံးအပိုင်းအစလေးများ

နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ

- အသည်းကွဲပြတိုက်ထဲက

တို့နှစ်ယောက် အမှတ်တရများစွာ

နင်ကြုံလို လမ်းတွေ့မိရင်

အရင်လိုလွမ်းနေအုန်း..မလား

- Yah

ငါတို့နှစ်ယောက်ကြားက

ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ

အတူတူကြည့်ခဲ့ဖူးတဲ့

Drama တွေ ရုပ်ရှင်တွေ

အပြန်အလှန် ပို့ခဲ့ဖူးတဲ့ ကြည်နူးရတဲ့

Message တွေ

မင်းလက်ကိုတွဲပြီးတော့ အိမ်ပြန်ခဲ့တဲ့

ညနေတွေ

မျက်နှာပူလိုက်ရတာ မတော်လိုက်ရတဲ့

ယောက်ဖရေ

ဘယ်သူမှမသိနိုင်တဲ့ သေရာပါ

အမှတ်တရတွေ

မကြာမကြာ ထိုင်ဖြစ်ခဲ့တဲ့ မင်းအိမ်နားက

မုန့်ဆိုင်‌လေး

ကွဲပြဲနေတဲ့ မျက်လုံးနဲ့

ဝေဝါးနေတဲ့ မနက်ခင်းတွေ

Move on လုပ်ဖို့အတွက် ဆုံဖြတ်ရတဲ့

နေ့စွဲတွေ

အမှတ်တရတွေ နံရံပေါ်မှာ ချိတ်ဆွဲနေ

ဒီညတော့ တစ်ခွက်လောက်တော့

သောက်ပါရစေ

မင်းငါ့ကိုထားခဲ့တာ

ဒီနေ့နဲ့ဆိုခြောက်လပြည့်

- ငါသိချင်သည်

မမျှတခြင်းနဲ့ လောကကြီး

စိတ်ဆန္ဒတွေ အလွန်များသည်

ခဏတာအသိလိုက်ခင်မှာ

နေဝင်သွားခဲ့..

အမှားမှန်မသိ

စိတ်ခြေတည့်ရာ လွင့်မျောပြီး

ဘဝမှာ နှမျောစရာဘာမှမရှိ

နတ္တိ

နင်ထားခဲ့တဲ့ အတိုင်း...

- အသည်းကွဲပြတိုက်ထဲက

အသဲနှလုံးအပိုင်းအစလေးများ

နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ

အသည်းကွဲပြတိုက်ထဲက

တို့နှစ်ယောက် အမှတ်တရများစွာ

နင်ကြုံလို လမ်းတွေ့မိရင်

အရင်လိုလွမ်းနေအုန်း..မလား

- အသည်းကွဲပြတိုက်ထဲက

အသဲနှလုံးအပိုင်းအစလေးများ

နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ

- အသည်းကွဲပြတိုက်ထဲက

တို့နှစ်ယောက် အမှတ်တရများစွာ

နင်ကြုံလို လမ်းတွေ့မိရင်

အရင်လိုလွမ်းနေအုန်း..မလား

Team 143의 다른 작품

모두 보기logo
အသည်းကွဲပြတိုက် JCZ - Team 143 - 가사 & 커버