menu-iconlogo
huatong
huatong
avatar

၃၈ဖြာမင်္ဂလာ

Up.Shine Htethuatong
62193363846huatong
가사
기록
၃၈ဖြာမင်္ဂလာ

အောင်မြင့်မြတ်

Up.Shine:√

လူမိုက်ဆိုလျှင်

ရှောင်သွေလွဲလို့

မမှီဝဲနဲ့

ကင်းအောင်နေ

ပညာရှိကို

အရှည်တွဲလို့

မှီဝဲဆည်းကပ်

နည်းယူစေ

သုံးပါးရတနာ

မိဘများနှင့်

ဆရာသမားကို

ပူဇော်လေ

ချမ်းသာကိုပေး

ဆက်ဆံရေး

မျှော်တွေး

သုံးချက်ပေ

အဲဒါမှ .....

ဗုဒ္ဓဝါဒ

ကမ္ဘာ့မင်္ဂလာတွေ

ကုသိုလ်ပညာ

ဥစ္စာရဖို့

သင့်ရာဒေသ

အမြဲနေ

ရှေးကတင်ကြို

ပြုခဲ့ဖူးသည့်

ကောင်းမှုအထူး

ရှိပါစေ

မိမိကိုယ်ကို

ကောင်းအောင်

ထိန်းလို့

မတိမ်းစေနဲ့

ဆောက်တည်လေ

ဥစ္စာကိုပေး

နေထိုင်ရေး

မျှော်တွေး

သုံးချက်ပေ

အဲဒါမှ .....

ဗုဒ္ဓဝါဒ

ကမ္ဘာ့မင်္ဂလာတွေ

တတ်ကောင်းတတ်ရာ

ဟူသမျှကို

ကြားမြင်သုတ

ရှိပါစေ

အိုးအိမ်တည်ထောင်

၀မ်းစာရေးနဲ့

အသက်မွေးဖို့

အတတ်သင်လေ

လူနှင့်ဆိုင်ရာ

ကျင့်၀တ်များကို

ကောင်းစွာသင်ကြား

နားလည်စေ

မှန်ကန်ယဉ်ကျေး

ချိုသာအေး

ဆိုရေးတတ်ပါစေ

အဲဒါမှ .....

ဗုဒ္ဓဝါဒ

ကမ္ဘာ့မင်္ဂလာတွေ

မြင်းမိုရ်ရွှေတောင်

မိဘကြွေးကို

ကောင်းစွာဆပ်ပေး

၀တ်ကျေကျေ

ကြွေးသစ်ချကာ

သားနှင့်မယား

မြှောက်စားချီးမြှင့်

၀ဋ်ကုန်စေ

အလုပ်တာ၀န်

မလစ်ဟင်းနှင့်

အပြစ်ကင်းအောင်

လုပ်ပါလေ

စည်းစိမ်ကိုပေး

ပြုစုရေးမျှော်တွေး

သုံးချက်ပေ

အဲဒါမှ .....

ဗုဒ္ဓဝါဒ

ကမ္ဘာ့မင်္ဂလာတွေ

သုံးတန်စေတနာ

ဖြူစင်လန်းလို့

ပေးကမ်းဝေမျှ

လှုနိုင်စေ

ကိုယ်နှုတ်စိတ်ကြံ

မမိုက်မှားနဲ့

သုစရိုက်တရားကို

ကျင့်ပါလေ

ဆွေမျိုးတွေကို

ပြစ်မထားနဲ့

သင်္ဂဟတရားနဲ့

ချီးမြှောက်လေ

သန့်စင်ပြစ်မျိုး

လူထုကျိုး

သည်ပိုးဆောင်ရွက်စေ

အဲဒါမှ .....

ဗုဒ္ဓဝါဒ

ကမ္ဘာ့မင်္ဂလာတွေ

မကောင်းမှုတွေ

ဟူသမျှကို

မတွေ့ခင်က

ရှောင်ကြဉ်လေ၊

တွေ့ကြုံလာရင်

မလွန်ကြူးနဲ့

အထူးသဖြင့်

စောင့်စည်းနေ

အရက်သေစာ

မသောက်စားနဲ့

မှောက်မှားတတ်တဲ့

အရာပေ

လုပ်ကိုင်ပြောကြား

သတိထား

တရားမမေ့စေ

အဲဒါမှ .....

ဗုဒ္ဓဝါဒ

ကမ္ဘာ့မင်္ဂလာတွေ

အသက်ဂုဏ်ဝါ

ကိုယ့်ထက်ကြီးက

ဆည်းကပ်ခစား

ရိုသေလေ

မာနတံခွန်

ဂုဏ်မကြွနဲ့

ကိုယ့်ကိုယ်နှိမ်ချ

အမြဲနေ

လောဘအပို

လိုမလိုက်နဲ့

ကိုယ်ထိုက်တာနဲ့

ကျေနပ်လေ

ကိုယ့်ပေါ်ပြုဖူး

သူ့ကျေးဇူး

အထူးသိတတ်စေ

ကောင်းကျိုးဆင့်ပွား

မြတ်တရား

နာကြားမပြတ်ပေ

အဲဒါမှ .....

ဗုဒ္ဓဝါဒ

ကမ္ဘာ့မင်္ဂလာတွေ

၀တ်စားနေထိုင်

ရန်ခပ်သိမ်း

စိတ်ကိုချုပ်ထိန်း

သည်းခံလေ

ကျိုးကြောင်းပြညွှန်

ဆုံးမစကားကို

ပြောကြားလာက

နာလွယ်စေ

သူမြတ်ပုဂ္ဂိလ်

ဟူသမျှ

မကြာခဏ

တွေ့ဆုံလေ

သဘာဝတွေး

မှန်ကန်ရေး

ဆွေးနွေးမပြတ်ပေ

အဲဒါမှ .....

ဗုဒ္ဓဝါဒ

ကမ္ဘာ့မင်္ဂလာတွေ

လောကီအာရုံ

ဇိမ်ယစ်မူးလို့

အပျော်မကြူးနဲ့

ခြိုးခြံလေ

မေတ္တာဗြဟ္မစိုရ်

လက်ကိုင်သုံးလို့

သူမြတ်ကြင့်ထုံး

ယွင်းမသွေ

လေးပါးသစ္စာ

ဥာဏ်မြင်ကြည့်လို့

အမှန်သိအောင်

ကျိုးစားလေ

ဒုက္ခလွတ်ကင်း

နိဗ္ဗာန်ချဉ်း

အလင်းပေါက်နိုင်စေ

အဲဒါမှ .....

ဗုဒ္ဓဝါဒ

ကမ္ဘာ့မင်္ဂလာတွေ

ဆင်းရဲချမ်းသာ

သဘာ၀

တွေ့ကြုံနေကျ

လူတိုင်းပေ

ကောင်းဆိုးနှစ်တန်

အစုံတွဲလို့

တစ်လှဲ့စီလှည့်

အမြဲနေ

လောကဓံကြုံ

မဖြုံတမ်းပေါ့

မတုန်စမ်းနဲ့

စိတ်ခိုင်စေ

သောကကိုထိန်း

ရမ္မက်သိမ်း

အေးငြိမ်း

ချမ်းသာနေ

အဲဒါမှ .....

ဗုဒ္ဓဝါဒ

ကမ္ဘာ့မင်္ဂလာတွေ

၃၈ဖြာ

မင်္ဂလာတရားကို

ပျက်ပြားနေကြ

ကမ္ဘာမြေ

ဟိုတိုင်းဒီပြည်

ရန်စစ်ခင်းလို့

လူနဲ့လူချင်း

သတ်ကာနေ

ငြိမ်းချမ်းပါစေ

အာသိသနဲ့

စွမ်းနိုင်ရာက

ကူညီစေ

၃၈ဖြာ

မင်္ဂလာတရား

ရေးသားဖြန့်ကာဝေ

အဖိုးတန်တဲ့

ဗုဒ္ဓဝါဒ

ကမ္ဘာကသိပါစေ။

Up.Shine Htet의 다른 작품

모두 보기logo
၃၈ဖြာမင်္ဂလာ - Up.Shine Htet - 가사 & 커버