menu-iconlogo
huatong
huatong
avatar

Turn Off The Light

Yair Yint Aunghuatong
sirjon1970huatong
가사
기록
သီချင်း - Turn Off The Light

တေးဆို - Yair Yint Aung ၊ Eillie

ငါဘယ်လိုမှ အိပ်မရ

အပြင်မှာ မိုးတွေကသည်း

ဒီအခန်းကျဉ်း ငါတစ်ယောက်တည်းပါ Nah

ပိုင်ရှင်မရှိတဲ့ အသက်ရှူသံများ

ဘယ်သူလဲ ဘယ်ကမှန်းလဲမသိ

She says

ဘာတွေပြောနေတာလဲ

ခပ်တိုတိုးတိုး တယောထိုးသံလို

နားနဲ့ဆတ်ဆတ် ကြားလိုက်တယ်

သန်းခေါင်ယံမှာ ပဲ့တင်သံထပ်လာတဲ့

ခပ်အုပ်အုပ် လှောင်ရီသံတစ်ချို့

မလှမ်းမကမ်းမှာ

တစ်ရှပ်ရှပ်နဲ့ ဖြတ်ဖြတ်လျှောက်

မရင်းနှီးတဲ့ အမှောင်ထဲက

သူစိမ်းတစ်ယောက်ရဲ့အကြောင်း

အတွေးများစွာ ပြေးလွှားကာ

ငါ့နှုတ်ခမ်းတွေခြောက်

အဲ့အချိန်မှာ အခန်းတံခါးကို

တစ်ဒေါက်ဒေါက် လာခေါက်

ငါဘယ်လိုမှ အိပ်မရ

အပြင်မှာ မိုးတွေကသည်း

ဒီအခန်းကျဉ်းထဲ ငါတစ်ယောက်တည်းပါ Nahh

ပိုင်ရှင်မရှိတဲ့ အသက်ရှူသံများ

ဘယ်သူလဲ ဘယ်ကမှန်းလဲမသိ

She says "I need you right now"

"Turn off the lights"

"I need you right now"

"Turn off the lights"

ဟုတ်ပြီ မင်းသဘောအတိုင်းပဲ

ငါကမီးတွေ အကုန်ပိတ်လိုက်ပြီထား

ငါ့ကိုစိတ်ကြိုက် ကျီစားတော့မယ့်

မင်းအကြံအစည်တွေကို ရိပ်မိလို့

တောင်းပန်တယ် ခပ်ဝေးဝေးသွား

မင်း မင်း မင်း .. ငါ့အနားကိုမကပ်နဲ့

အိပ်လို့လည်းမရ

အသက်ရှူ ကျပ်တယ်

မျက်နှာကျက်မှာ ပင့်ကူအိမ်တွေကပ်တွယ်

နာရီသံ တစ်ချက်ချက်

အချက်တိုင်းမှာ ဝင်သက်ထွက်ထွက်သက်တွေ

မြန်မြန်လာတယ်

ဘယ်ကမှန်းမသိ

ဘယ်သူမှန်းမသိတဲ့ ခေါ်သံများနဲ့

ကြက်သီးတွေ တဖြန်းဖြန်းထမိ

I get those goosebumps

Every time you come around me

ဒါမျိုးတွေပလိန်းချည်း ဖြစ်စရာအကြောင်းမရှိ

အပြင်မှာမိုးတွေသည်း

လျှပ်စီးတွေလပ် မီးတွေပျက်သွားတုန်း

ငါ့လက်ကို လာဆုပ်ကိုင်ထားတဲ့

အေးစက်စက်လက်တစ်ဖက်

ညဘက် ညဘက် ညဘက်

စကားပြောတဲ့ မိန်းကလေး

မင်းအကြောင်း ခေါင်းထဲအမြဲတမ်းတွေး

အချိန်တွေကုန်ခံပြီးတော့ ငါစောင့်နေသေး

တိုးတိုးတိတ်တိတ် တိတ်တိတ်ဆိတ်ဆိတ်

ကြိတ်မှိတ် ကြေကွဲရ

ဝိုးတိုးဝါးတား အသိစိတ်

အေးစက်စက်အထိတွေ့တို့ ရုန်းထွက်မရ

အခန်းထဲ လွမ်းခြုံထားတယ်

ငါ့မှာ ဒုက္ခများတယ်

Pouring up နောက်တစ်ခွက် နောက်တစ် Joint

နောက်တစ်ခွက် နောက်တစ် Joint

ထပ် Roll ရင်းနဲ့ မိုးသာလင်းလို့သွားမယ်

အခုထိယောက်ယက်ခက် အတွေးတို့က

ထိန်းချုပ်မရ နားပိတ်လို့ထားတယ်

နားပိတ်လို့ထားလည်း ဆက်တိုက်ကြားနေရ

အိပ်မရ ငါ့မှာနေ့တွေညတွေမှား

စိတ္တဇအရူးလို့ အတွေးတွေကြားဝေဝါး

သက်ရှိ အရုပ်တစ်ရုပ်လိုကစား

(Turn the lights off)

(လုပ်လိုက်ဦး မင်းစိတ်တိုင်းကျအတိုင်းပေါ့)

(အရှုံးပေးလိုက်ပြီ Hands up)

(Head down, turn the lights off)

(Turn the lights off)

(လုပ်လိုက်ဦး မင်းစိတ်တိုင်းကျအတိုင်းပေါ့)

(အရှုံးပေးလိုက်ပြီ Hands up)

Yair Yint Aung의 다른 작품

모두 보기logo

추천 내용