menu-iconlogo
huatong
huatong
avatar

ဝတ်မှုန်

ခင်မောင်တိုးhuatong
slodger_2000huatong
Lirik
Rakaman
ဝတ်မှုန်

ခင်မောင်တိုး

တေးသွားချို သီကာကျူးတဲ့

ကျေးငှက်ကို လှမ်းလို့ ကြည့်ကာ

ပန်းကလေးက ပြောလိုက်တယ်

လောကရဲ့ အလှအပဟာ

တို့ပွင့်မှ ပြည့်စုံတာတဲ့

ပန်းချစ်သူ ပျားကပြုံးတယ်

တောက်ပတဲ့ အဆင်းလည်းရှိတယ်

လိုက်ဖက်မယ့် မွှေးရနံ့နဲ့ဆို

ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာပဲ

ရင်ထဲ ရှိရှိသမျှ ပြောပြရရင်

တကယ် လှတယ်

မြင်သူတကာ ငေး ငေး

လောက်အောင် လှရက်လို့

ချူလိုသူတွေ လက်ထဲမှာ

အလှမပျက်အောင် ဆုတောင်းတယ်

ပန်းကလေးရယ်

သင်းပျံ့ကာ အမြဲ မွှေးစေချင်တယ်

မိုးကောင်းကင် ကြည်ပြာအောက်မှာ

ကောင်းခြင်းတွေ ပေါင်းစုစည်းကာ

သူ့ထက်ပိုကဲ လှသူ

ရှိတော့ဖြစ် ရှိလိမ့်မယ်

အေးမြတဲ့ အပြုံး ပိုင်ရှင်ရယ်

တောင်းဆုတွေ ပြည့်ဝခဲ့သူ

နူးညံတဲ့ နှလုံးသားနဲ့အတူ

စွဲမက်ဖွယ့် စကားနဲ့ဆင့်ကာ

တုယှဉ်ပြိုင် လာလို့နှိုင်းရင် ရှုံးကြမှာပဲ

ရင်ထဲ ရှိရှိသမျှ ပြောပြရရင်

တကယ်လှတယ်

မြင်သူတကာ ငေး ငေး

လောက်အောင် လှရက်လို့

ချူလိုသူတွေ လက်ထဲမှာ

အလှမပျက်အောင် ဆုတောင်းတယ်

မိန်းကလေးရယ်

ပန်းကလေး လိုလှတဲ့ ချစ်သူရယ်

တေးသွားချို သီကာကျူးတဲ့

ကျေးငှက်ကို လှမ်းလို့ ကြည့်ကာ

ပန်းကလေးက ပြောလိုက်တယ်

လောကရဲ့ အလှအပဟာ

တို့ပွင့်မှ ပြည့်စုံတာတဲ့

ပန်းချစ်သူ ပျားကပြုံးတယ်

တောက်ပတဲ့ အဆင်းလည်းရှိတယ်

လိုက်ဖက်မယ့် မွှေးရနံ့နဲ့ဆို

ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာပဲ

ရင်ထဲ ရှိရှိသမျှ ပြောပြရရင်

တကယ်လှတယ်

မြင်သူတကာ ငေး ငေး

လောက်အောင်လှရက်လို့

ချူလိုသူတွေ လက်ထဲမှာ

အလှမပျက်အောင် ဆုတောင်းတယ်

ပန်းကလေးရယ်

သင်းပျံ့ကာ အမြဲ မွှေးစေချင်တယ်

YONG KAUNG

Lebih Daripada ခင်မောင်တိုး

Lihat semualogo
ဝတ်မှုန် oleh ခင်မောင်တိုး - Lirik dan Liputan