လာမယ့်နှစ်မှာမင်းကိုတောင်းယူမယ်
တေးရေး / သဟာအောင်
တေးဆို - ဗညားဟန် - ချစ်စန္ဒာ
SM UP=DJမျောက်သိုး(ATP)
B-လယ်ကွင်းတွေထဲ ယာခင်းတွေထဲ
စိုက်ပျိုးလို့မြေကြီးမှာကွယ်
ရွှေသီးဖို့ကြိုးစားနေတယ်...
လယ်ကွင်းတွေထဲ ယာခင်းတွေထဲ
စိုက်ပျိုးလို့မြေကြီးမှာကွယ်
ရွှေသီးဖို့ကြိုးစားနေတယ်...
G-ပင်ပန်းရှာရော့မယ်
ပျို့မောင်ကြီးရယ် နားပါဦးကွယ်...
အမောအပန်းဖြေ ရေနွေးကြမ်းလေ
သောက်ပါဦးကွယ် နော်...
B-ခင့်မျက်နှာမြင်ရုံနဲ့
ရင်လှိုက်ခုန်ပါတယ်
မောတော့မောတယ်...
ဒါပေမယ့်လည်း ပျော်ပါတယ်...
G-ဘာအတွက်ကြောင့်များကြိုးစားနေလဲ
သြော် ဘယ်လောက်တောင်များ
အရေးကြီးနေလည်း...
B-ငါတို့နှစ်ယောက်သားနီးကြဖို့အတွက်ပဲ
တင့်တောင့်တင့်တယ်မင်းကိုထားချင်တယ်
G-ချစ်တာကိုလည်းသိတယ်
သစ္စာလည်းရှိမယ်
ပျို့မောင်ကြီးရယ် နားလည်ပါတယ်
B-နှစ်ယောက်သားအတူတူ
နေကြတဲ့အခါမယ်...
အိမ်လေးတစ်လုံးထဲ
သားသားမီးမီးတွေနဲ့
တွေးကြည့်စမ်းကွယ်
G-အို ဘာတွေပြောတယ်
ရှက်စရာစကားတွေပြောတယ်
B-တကယ်လုပ်ရင်အဟုတ်ဖြစ်ပါတယ်
လာမယ့်နှစ်မှာမင်းကိုတောင်းယူမယ်
? Solo Music ?
B-လယ်ကွင်းတွေထဲ ယာခင်းတွေထဲ
စိုက်ပျိုးလို့မြေကြီးမှာကွယ်
ရွှေသီးဖို့ကြိုးစားနေတယ်...
လယ်ကွင်းတွေထဲ ယာခင်းတွေထဲ
စိုက်ပျိုးလို့မြေကြီးမှာကွယ်
ရွှေသီးဖို့ကြိုးစားနေတယ်...
G-ပင်ပန်းရှာရော့မယ်
ပျို့မောင်ကြီးရယ် နားပါဦးကွယ်
အမောအပန်းဖြေ ရေနွေးကြမ်းလေ
သောက်ပါဦးကွယ်...နော်
B-ခင့်မျက်နှာမြင်ယုံနဲ့
ရင်လှိုက်ခုန်ပါတယ်
မောတော့မောတယ်
ဒါပေမယ့်လည်း ပျော်ပါတယ်...
G-ဘာအတွက်ကြောင့်များကြိုးစားနေလည်း
သြော် ဘယ်လောက်တောင်များ
အရေးကြီးနေလည်း...
B-ငါတို့နှစ်ယောက်သားနီးကြဖို့အတွက်ပဲ
တင့်တောင်းတင့်တယ်မင်းကိုထားချင်တယ်
G-ချစ်တာကိုလည်းသိတယ်
သစ္စာလည်းရှိမယ်
ပျို့မောင်ကြီးရယ် နားလည်ပါတယ်
B-နှစ်ယောက်သားအတူတူ နေကြတဲ့အခါမယ်
အိမ်လေးတစ်လုံးထဲ
သားသားမီးမီးတွေနဲ့
တွေးကြည့်စမ်းကွယ်
G-အို..ဘာတွေလည်း
ရှက်စရာစကားတွေပြောတယ်
B-တကယ်လုပ်ရင် အဟုတ်ဖြစ်ပါတယ်
လာမယ့်နှစ်မှာမင်းကိုတောင်းယူမယ်
G-ဘာအတွက်ကြောင့်များကြိုးစားနေလည်း
(ဘယ်လောက်တောင်များ
အရေးကြီးနေလို့လည်း...ရှင့်)
B-ငါတို့နှစ်ယောက်သားနီးကြဖို့အတွက်ပဲ
(တင့်တောင်းတင့်တယ်
မင်းကိုထားချင်လို့ပါကွာ...)
G-သြော် ချစ်တာကိုလည်းသိတယ်
သစ္စာလည်းရှိမယ်
ပျို့မောင်ကြီးရယ် နားလည်ပါတယ်
B-နှစ်ယောက်သားအတူတူ နေကြတဲ့အခါမယ်
အိမ်လေးတစ်လုံးထဲ
သားသားမီးမီးတွေနဲ့
တွေးကြည့်စမ်းကွယ်...
G-အို..ဘာတွေလည်း...
ရှက်စရာစကားတွေပြောတယ်
B-တကယ်လုပ်ရင်အဟုတ်ဖြစ်ပါတယ်
လာမယ့်နှစ်မှာ မင်းကိုတောင်းယူမယ်
G-စိတ်ကူးတွေနဲ့မောနေမယ်...
B-မမောပါဘူးဗျာ...
G-မောင်ကြီးရဲ့သဘောအတိုင်းပါပဲ
B-ဒါဆို အိုကေပေါ့ဗျာ....
G-ဟွန့်...မောင်ကြီးကလည်း
B-ဟား ဟား ဟား
? ကျေးဇူးအထူးတင်ပါသည် ?