menu-iconlogo
huatong
huatong
avatar

မိသားစုကန်တော့ပွဲ

စိမ့်နေခြည်huatong
moejoe007huatong
Lirik
Rakaman
လူလားမြောက်တဲ့ အရွယ်ကတည်းကလေ

လောကဓံကိုရင်ဆိုင်တွေ့ကြုံခဲ့ပါပေ

နိမ့်ချည်တစ်ခါ သာချည်တစ်လှည့်ရယ်နဲ့

သမုဒ္ဒယနယ်မှာ

ကျင်လည်ကျက်စား မအားလပ်နိုင်ရှာပေ

လောကဓမ္မတာ သောကအဖြာဖြာ ကြုံခဲ့ရပေ

ချစ်သောဖေဖေ ချစ်သောမေမေ

မတွေ့တာကြာလေလေ ပို၍သတိရလေလေ

ရင်၌လွယ်ဖွား သားသမီးများက

အတိုးချကန်တော့ပါရစေ

မြင့်မိုရ်တောင်ဦး ကျေးဇူးဂုဏ်တွေ

ဆပ်လို့မကုန်ပေ သီတာရေတစ်ပေါက်ကလေး

ကျရုံမျှနဲ့မိဘတို့ဝမ်းမငြိမ်းချမ်းပေ

ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်

ဝါးဖတ်တော်ကစီနှစ်နဲ့လူဖြစ်အောင်ကျွေး

မှက်ခြင်ယင်မသန်းရအောင်

ပင်ပန်းကြီးစွာ မွေးမြှူးခဲ့ပေ

ဒီကျေးဇူးဂုဏ်တွေ

ရည်မျှော်မှန်းလို့သားကန်တော့ပါတယ်လေ

ကျေးဇူးရှင်ဖေဖေနဲ့မေမေ

ငယ်စဉ်တောင်ကျေး ကလေးဘ၀က

တေးဆိုလို့ချောမြူပုံတွေ မှတ်မိနေသေးပေ

ခိုဖြူခိုပြာခိုဝါနက်ကယ်

အဖမ်းခက်လို့ ဆိုတဲ့အသံတွေ

မိတ္ထီလာကန်တော်အောက်က ဖားကလေးတွေ

ကောက်ခါပေးဖို့မှာလိုက်တဲ့အသံလေးတွေ

သမီးဖြင့်ကြားယောင်မိတယ်လေ

ငယ်စဉ်တောင်ကျေး ကလေးဘ၀က

တေးဆိုလို့ချောမြူပုံတွေ မှတ်မိနေသေးပေ

ခိုဖြူခိုပြာခိုဝါနက်ကယ်

အဖမ်းခက်လို့ ဆိုတဲ့အသံတွေ

မိတ္ထီလာကန်တော်အောက်က ဖားကလေးတွေ

ကောက်ခါပေးဖို့မှာလိုက်တဲ့အသံလေးတွေ

သမီးဖြင့်ကြားယောင်မိတယ်လေ

သက္ကလရေကြည် သြော်သန္ဓေတည်ကတည်းက

ပူဖန်စပ်ခါး ရှောင်ရှားကာလေ

မကောင်းမေတ္တာ သြော်ကောင်းရာညွှန်လို့

ရင်းနှီးပေးဝေ အတက်ကိုလည်းသင်စေ

ထိမ်းမြားခြင်းဝတ်ငါးထွေကျေပွန်ပါပေ

ကြီးမားသောမေတ္တာမျိုးနဲ့

သားသမီးဆိုးတွေကိုလည်း

ပစ်ရိုးထုံးစံမရှိခဲ့ပေ

ဒို့ဘုရားသော်မှ နို့တစ်လုံးဖိုးကျေ

အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘနှစ်ပါးကို

သားကန်တော့ပါတယ်လေ ……

တစ်အူတုံဆင်း တို့မောင်နှမအရင်းတွေ

ချစ်ခြင်းမေတ္တာအဓိကထားလို့လေ

ကျေးဇူးရှင်မိဘနှစ်ပါးရဲ့ သြ၀ါဒစကားတွေ

မကြားရတာကြာခဲ့ပြီလေ

ချစ်သောဖေဖေ ချစ်သောမေမေ

သားတို့သမီးတို့ လက်ဆယ်ဖြာယှက်ကာမိုးလို့

ရှိခိုးကန်တော့ပါရစေ

ကျေးဇူးရှင် ဖေဖေနဲ့မေမေ

ကျေးဇူးရှင် ဖေဖေနဲ့မေမေ

ကျေးဇူးရှင် ဖေဖေနဲ့မေမေ

ကျေးဇူးရှင် ဖေဖေနဲ့မေမေ

Lebih Daripada စိမ့်နေခြည်

Lihat semualogo
မိသားစုကန်တော့ပွဲ oleh စိမ့်နေခြည် - Lirik dan Liputan