အစိမ်းရောင်ကဗျာ
စိုးသူ
အဆိပ် ရေလှိုင်းတို့
တိုက်ခတ် စီးကာတိုး
မြို့ပြ လမ်းတွေအား
ကျောခိုင်း ကြေကွဲခြင်းနဲ့
စွန့်လို့ လာခဲ့သူ
လူတစ်ခုမှာ အမှုတစ်ရာ
အဆွေးများနဲ့ အသည်းတွေကွဲ
အချစ် ရယ်
အိုးးလက်လွတ်စပယ်
ကိုယ်ရှုံးရန် ဆဲဆဲပဲ
ကိုယ့်ကို ကယ်မဲ့သူ
အဝေးကြီး ဝေးနေဆဲ
တောတောင် ထဲကိုတိုး
မီးရထား ခုတ်မောင်းတက်လာ
မိုးးထိမဲ့တောင်
မတ်မတ် ရပ်လို့ကွယ်
ရှမ်းရိုးမ အလှကဗျာတပါး
အို စိမ်းညို့မှောင်
အားပေး နှုတ်ဆက်တယ်
အေးမြ လှပတယ်
အဆိပ် ရေလှိုင်းတို့
လျှောကျ ဆင်းလို့ပြေး
စိမ်းမှောင် တောင်တွေရဲ့
ဘဝကို မတ်မတ်ရပ်
ရင်ဆိုင်ဖို့ အားပေးလို့
ဆီးကြို ဖက်ထားတယ်
ငြိမ်းငြိမ်း ချမ်းချမ်း
ဒဏ်ရာတွေငြိမ်း ဘဝအသစ်တဖန်
မွေးးဖွားခဲ့ပြီ
ချစ်တဲ့ ရှမ်းရိုးမထဲ
အဆိပ် ရေလှိုင်းတို့
လျှောကျ ဆင်းလို့ပြေး
စိမ်းမှောင် တောင်တွေရဲ့
ဘဝကို မတ်မတ်ရပ်
ရင်ဆိုင်ဖို့ အားပေးလို့
ဆီးကြို ဖက်ထားတယ်
ငြိမ်းငြိမ်း ချမ်းချမ်း
ဒဏ်ရာတွေငြိမ်း ဘဝအသစ်တဖန်
မွေးးဖွားခဲ့ပြီ
ချစ်တဲ့ ရှမ်းရိုးမထဲ
အဆိပ် ရေလှိုင်းတို့
လျှောကျ ဆင်းလို့ပြေး
စိမ်းမှောင် တောင်တွေရဲ့
ဘဝကို မတ်မတ်ရပ်
ရင်ဆိုင်ဖို့ အားပေးလို့
ဆီးကြို ဖက်ထားတယ်
ငြိမ်းငြိမ်း ချမ်းချမ်း
ဒဏ်ရာတွေငြိမ်း ဘဝအသစ်တဖန်
မွေးးဖွားခဲ့ပြီ
ချစ်တဲ့ ရှမ်းရိုးမထဲ