ချော…ကလျာ
ရွှေစင်အသွေးဖြာ
သြော်..လေးလေးခင့်ပဏာ
လှပုံတမူခြား..
နု အသား…ဝင်းဝါ
ယဉ်မှုသွယ်ဖြာ ပြုံးတုံလဲ့လဲ့
ဖွဲ့ ကာ နွဲ့ ကာ နွဲ့ ပြန် ရင်လည်း…
သူ့ဟန် တကယ့်ချစ်စရာ
ချော…ကလျာ
ရွှေစင်အသွေးဖြာ
သြော်..လေးလေးခင့်ပဏာ
လှပုံတမူခြား..
နု အသား…ဝင်းဝါ
ယဉ်မှုသွယ်ဖြာ ပြုံးတုံလဲ့လဲ့
ဖွဲ့ ကာ နွဲ့ ကာ နွဲ့ ပြန် ရင်လည်း…
သူ့ဟန် တကယ့်ချစ်စရာ
ကေသာ…
ပိတုံး နှောင် ကြော့မှာ
အို… ရင်သပ်ရူမော
ပြေလျော့ တင့်စွာ
လှသွေးလွန်း လွန်းသီ ကာ
ပြုံးရောင် ရောင့် ပဏာ…
ကေသာ…
ပိတုံး နှောင် ကြော့မှာ
အို… ရင်သပ်ရူမော
ပြေလျော့ တင့်စွာ
လှသွေးလွန်း လွန်းသီ ကာ
ပြုံးရောင် ရောင့် ပဏာ…
ဘဝဇမ္မူမှာ
သွင်မူပြောင်း နွဲ့ လို့ 
အလှတသောင်းယှက်ဖျာ
ရှင်းသန့်စွာ ယဉ်ကျေးတဲ့ ရူပကာ
မှင်ဆေးမကူသာ
ပျို ဖော်ရင်သွေး သွေးပုရစ်ဖြာ
နှုန်းတစ်လီ မှုန်းသည်
သြော် ပြုံးရယ်တဲ့အခါ
ဘဝဇမ္မူမှာ
နှမသူဇာ
အလှပျူငှာ
ဝဏ္ဏရူပကာ….
ချောမွေ့ မွေ့  ရွှေစင်ပမာ
မြေကမ္ဘာတ ကြောမှာ
မေသာချောကလျာ
music
ကြည်သာရွှ့င်ပြုံး
ကျော့ဆုံးသက်လျာ
ငါးဖြာဂုဏ်အင်ဇမ္မူတွင်
ပြိုင်ဖက်ရှား
ရွှေစင် ရွှေစင် ပုံသို့မခြား
သွားပုံလာပုံ နေပုံထိုင်ပုံ
တခြားချစ်စရာ
မျက်နှာတော်လေးဝင်းဝင်းဝါ
ခင်လေးယဉ်ကျေး
အသွင်ကလေးထည်ဝါ
မဆူမကြုံမနိမ့်မမြင့် ချစ်စရာ
ပြစ်မျိုးလွတ်ကင်း
ရွှေယမင်းရုပ်လွှာ
ယဉ်ရာနှုန်းဆောင်
လျှက်မကွာ
အစဉ်သာပြုံးယောင်ယှက်ဖြာ….
သက်လျှာပြုံးနှောင်
အလှခေါင်မျိုး
ကိုယ့်ရင်မှာစိုးစိုးမိုးနေတာ
ချောကလျာ
ဘဝဇမ္မူမှာ
သွင်မူပြောင်း နွဲ့ လို့ 
အလှတသောင်းယှက်ဖျာ
ရှင်းသန့်စွာ ယဉ်ကျေးတဲ့ ရူပကာ
မှင်ဆေးမကူသာ
ပျို ဖော်ရင်သွေး သွေးပုရစ်ဖြာ
နှုန်းတစ်လီ မှုန်းသည်
သြော် ပြုံးရယ်တဲ့အခါ
ဘဝဇမ္မူမှာ
နှမသူဇာ
အလှပျူငှာ
ဝဏ္ဏရူပကာ….
ချောမွေ့ မွေ့  ရွှေစင်ပမာ
မြေကမ္ဘာတ ကြောမှာ
မေသာချောကလျာ
Smule မှ ကူးယူပြီး StarMaker မှာ
ပြန်လည်၍ထပ်ဆင့်မျှဝေပါသည်
မူရင်းသက်ဆိုင်သူအားလုံးကို
Credits ပေးပါ၏
ကျေးဇူးတင်ပါသည်
ရဲနိုင်