menu-iconlogo
huatong
huatong
avatar

မိုးညထဲကမာယာအိပ်မက်မြူ

ဇော်ပိုင်huatong
☠×͜͡Witcḣ☠࿎🅓🅔ᵛⁱʟhuatong
Lirik
Rakaman
မိုးညထဲကမာယာအိပ်မက်မြူ

ဆို - ဇော်ပိုင်

^^^^Up by JUE^^^^

မိုးရေမျက်ရည်

မပီပြင်၀ိုးတ၀ါး

မိုးစက်ကြားမှာ

သူလျှောက်လှမ်းရင်း

မိုးရေထဲမှာငိုကြွေး

ဝေးလွင့်ရာခရီး..နှင်

ဘ၀အမှောင်ထဲက

ရှောင်ဖယ်ပြေးသူ

သတိဉာဏ်ကင်းကွာ

ဝေဒနာနဲ့..လူ

ဆန့်ကျင်ဘက်ကမ္ဘာ

လောကတစ်ခုစီဦးတည်

မိုးညထဲမှာမာယာညှို့သူ

အတိတ်နှောင်ကြိုးတွေ

ချေဖျက်ချိုးရင်း

မိုးအိပ်မက်မြူလွင့်မျော

စိတ်အလျင်ညှို့...ငင်

ရိပ်ကွယ်ဖေးကူ

ရင်ခွင်ပျောက်သူ

ဆောက်တည်မဲ့ရာ

ယူဇနာသိန်းသန်း

တစ်လှမ်းစီ တစ်လှမ်းစီ

ဆက်၍လျှောက်နေ..ဆဲ

သမုတိလောကတရားသစ္စာ

ခါးသီးနှိပ်စက်မျက်ကွယ်ရာ

သူဟာဆုံးရှုံးပြေးထွက်

လောကဓံတွေရဲ့အဝေး

ဒါဟာမာယာဆန်သောဘ၀

မှော်ဆရာအသက်သွင်း

ခဲ့လေသူ အိပ်မက်မြူ

မိုးညကမ္ဘာသံသရာထဲ

စွဲလမ်းစူးနစ်စိတ်စေရာ

ဒီလိုမိုးစက်ကြားကဘ၀ဒဏ်ရာ

အဖြူရောင်အတ္တများနဲ့

အစွန်းရောက်ခဲ့သူ

မိုးညအိပ်မက်မြူ...

သံသယတံတိုင်းအထပ်ထပ်နဲ့

ဆီးရံကာအနတ္တအတိုင်းအဆ

မဲ့တဲ့ ဘ၀သံသရာ

တစ်ကြိမ်ပြန်မွေးဖွားခဲ့တဲ့

စိတ္တဇနဲ့လူ မိုးညအိပ်မက်မြူ

မြူလိုတဖြည်ဖြည်း

ပါးလျားလွင့်ပျယ်ချိန်

နေ့သစ်တစ်ခုကစောင့်ကြိုနေ

မိုးလေတွေသည်း

မျက်ရည်တွေဝဲ မိုးတညထဲက

မာယာအိပ်မက်မြူ

Thank?

Lebih Daripada ဇော်ပိုင်

Lihat semualogo