menu-iconlogo
huatong
huatong
avatar

မြတ်ဒေသနာ

တင်တင်မြhuatong
gossengrnihuatong
Lirik
Rakaman
မြတ်ဒေသနာ

တင်တင်မြ

တေးရေး တယော ဟန်ဝင်း

....

ထူးမခြားနား မီးရေစုံသား ရောင်တော်ထွေပြား

ပြောင်းလို့လို့ ထူထွေ

များထွေတည့် အံ့ရာ သော်

ရောင်ခြည် ခြောက်သွယ်ကွန့်ဖြာ

အတုမရှိပါတဲ့ မုနိမြတ်စွာ

သဗ္ဗညုတ ဇိနဘဂဝါ

မာရ်ငါးပါးလည်း အောင်မြင်လို့သာ

သတ္တဝါအများ ကယ်မ နိုင်ရှာ

လူနတ်ဆရာ ဘဂဝါ ထွဋ်ထား

ဪ ရှားမှရှားပါတဲ့

ဘုရားမြတ်ရတနာ တရားမြတ်ဒေသနာ

လောဘ ဒေါသ မောဟ သုံးဖြာ

အဇ္ဈတ္တ စိတြအမှန်

ဖိတ်လျှံကာ ညစ်ညမ်းစေတဲ့

အဝိဇ္ဇာ တဏှာ ကင်းငြိမ်းစေနိုင်ရာ

ဂေါတမ ဘဂဝါ ဂေါတမ ဘဂဝါ

မြွက်ကြားပါတဲ့ တရားမြတ်ဒေသနာ

.....

မြတ်ဒေသနာ များဝေနေယျာ

ထိုသံသရာ ခရီးမှာလ ဓမ္မရေယာဉ် ကြီးနဲ့

ထိုသံသရာ ခရီးမှာလ ဓမ္မရေယာဉ် ကြီးနဲ့

အလှူအတန်းတွေ ပေးပါမှ

ကမ္မဋ္ဌာန်းကို စီးဖြန်းပါမှ

ပြည်ခေမာ နိဗ္ဗူနန်း

တက်လှမ်းကာ မြန်းနိုင်တော့မှာ

လေးဘုံအပါယ်ရွာ မလားရအောင်သာ

ညစ်စွာအမှောင်တွေ မသန်းဖို့ရာ

မေတ္တာအရောင်တွေ လွှမ်းတဲ့ မြတ်ဒေသနာ

..........

မြတ်ဒေသနာ များဝေနေယျာ

ထိုသံသရာ ခရီးမှာလ ဓမ္မရေယာဉ် ကြီးနဲ့

ထိုသံသရာ ခရီးမှာလ ဓမ္မရေယာဉ် ကြီးနဲ့

အလှူအတန်းတွေ ပေးပါမှ

ကမ္မဋ္ဌာန်းကို စီးဖြန်းပါမှ

ပြည်ခေမာ နိဗ္ဗူနန်း

တက်လှမ်းကာ မြန်းနိုင်တော့မှာ

လေးဘုံအပါယ်ရွာ မလားရအောင်သာ

ညစ်စွာအမှောင်တွေ မသန်းဖို့ရာ

မေတ္တာအရောင်တွေ လွှမ်းတဲ့ မြတ်ဒေသနာ

ဘုရားရတနာ တရားရတနာ သံဃာရတနာ

ရတနာသုံးပါး ဦးထိပ်ထားတဲ့ လူတိုင်းသေချာ

ဘုရားရတနာ တရားရတနာ သံဃာရတနာ

ရတနာသုံးပါး ဦးထိပ်ထားတဲ့ လူတိုင်းသေချာ

ကပ်သုံးပါးကို ကျော်လွှားနိုင်မှာ

ပြည်ခေမာ နိဗ္ဗူနန်း

လမ်းပြတဲ့ မြတ်ဒေသနာ

လမ်းပြတဲ့ မြတ်ဒေသနာ

အဘိဓမ္မာ သုတ္တန် သရုပ်နှံကာ

စောဗုဒ္ဓ ဟောကြားပေတာ

.....

ဘုရားရတနာ တရားရတနာ သံဃာရတနာ

ရတနာသုံးပါး ဦးထိပ်ထားတဲ့ လူတိုင်းသေချာ

ဘုရားရတနာ တရားရတနာ သံဃာရတနာ

ရတနာသုံးပါး ဦးထိပ်ထားတဲ့ လူတိုင်းသေချာ

ကပ်သုံးပါးကို ကျော်လွှားနိုင်မှာ

ပြည်ခေမာ နိဗ္ဗူနန်း

လမ်းပြတဲ့ မြတ်ဒေသနာ

လမ်းပြတဲ့ မြတ်ဒေသနာ

အဘိဓမ္မာ သုတ္တန် သရုပ်နှံကာ

စောဗုဒ္ဓ ဟောကြားပေတာ

ကျေးဇူးတင်ပါတယ်..

winbo29

Lebih Daripada တင်တင်မြ

Lihat semualogo