menu-iconlogo
huatong
huatong
avatar

အသီးတစ်ရာ အညှာတစ်ခု

တွံတေးသိန်းတန်huatong
Mr_USoehuatong
Lirik
Rakaman

Myanmar Music Maestro

U_Soe

ခေါင်း..လောင်း..သံ..

.. တညံညံ ပေးတဲ့

ရွာကျောင်း...ပြေးမြင်မိရင်

သတိရနေတယ်သူငယ်ချင်းရေ

တို့များငယ်ငယ်တုန်းက

ရွာအဝင်လမ်းဆီကနေ

လက်..ချင်း..ယှက် ကာ

ပြေးကာလွှား...ကာ

ကျောင်းတက်လာကြတာတွေ

မေ့နိုင်ပါ့မလား...

မင်းတိုငါတို့..ငယ်ငယ်တုန်းကလေ

>>>>Music<<<<<<

ကကြီးခခွေး...ဘယ်လိုရေး...ပါ

ကလေးအမိုက်အရွယ်မို့

ချောကာခြောက်ကာ

မြှောက်ကာ..ပင့်ကာ

ပညာသင်ပေးတဲ့...

ဆရာများရဲ့ဂုဏ်ကျေးဇူးတွေ

လူလားမြောက်တဲ့အခါမှာလေ

တစ်ဝမ်းတစ်ခါးအတွက်မို့

တစ်လမ်းစီသွားခဲ့ကြပေ

ဟေ့ သူငယ်ချင်းရေ

မိုးမလင်းခင်က ပျိုးခင်းဝင်ကြ

အချိန်ကုန်ပေ

ယာထဲ..ကိုင်းထဲ

ဓါးဆွဲလို့တံစဉ်ကိုကိုင် မပျင်းနိုင်ပါပေ

တို့တတွေက တို့ရွာမှာနေ

တောင်သူလယ်သမားအဖြစ်နဲ့

ကျန်ရစ်နေခဲ့ပေ

မင်းတို့တတွေက

မြို့ကြီးတွေဆီမှာရောက်နေ

ဟေ့ သူငယ်ချင်းရေ

ဟေ့....သူငယ်ချင်းရေ

>>>>Music <<<<

ဟေ့သူငယ်ချင်းရေ

စက်ရုံကြီးတွေဆီကြည့်စမ်းပါဦးလားလေ

တို့အပေါင်းအသင်းရောင်းရင်းတွေများပေ

လွှကိုင်တူကိုင်

နိုင်ရာတာဝန်ထမ်း...

စက်မှုလုပ်ငန်းတိုးတက်စေဖို့

ကြိုးပမ်းနေကြတာတွေ

ရှိနေပါသေး

မင်းတို့ငါတို့သူငယ်ချင်းတွေ

ကြည်းရေလေတပ်မတော်တွင်းက

သူငယ်ချင်းရေ

ရဲရဲတောက်တိုက်စစ်ဆင်ကာနေ

တောကြားတောင်ကြားမရှောင်ရှား

အများအတွက်ဖြင့်အသက်ကိုစွတ်လွှတ်နေ

မင်းတို့အတွက်ဂုဏ်ယူရတယ်လေ

ဟေ့သူငယ်ချင်းရေ

ထိုမှတဝ

ဂီတနဲ့အနုပညာနယ်မြေ

သံသာသာ...တေး....

ရေးဖွဲ့ဆိုတီးမငြီးငြူနိုင်ပေ

ကြည့်စမ်းပါဦးလားဟေ

ကလောင်ကိုကိုင်စွဲ

တစ်ဖက်တစ်လမ်းကဝန်ထမ်း

အမှုထမ်းအရာထမ်းတွေလဲမသွေ

ကျောင်းတုန်းကမြူးပျော်လက်တွဲ

သူငယ်ချင်းများပါဘဲလေ

စိုမှာသည်မှာ

ကြည့်ကြစမ်းရယ်လို့

လက်ညှိုးညွှန်ကြတို့ဘဝအထွေထွေ

ပြောင်းချင်ရာပြောင်းကြပေမယ့်

ရွာကျောင်းရဲ့ခေါင်းလောင်းသံက

တလွင်လွင်သာမြဲပေ

တို့များငယ်ငယ်တုန်းက

ရွာအဝင်လမ်းဆီကနေ

လက်ချင်းယှက်ကာ

ပြေးကာလွှားကာ

ကျောင်းတက်လာကြတာတွေ

မေ့ပါနဲ့လား

မေ့ပါနဲ့လားသူငယ်ချင်းရေ...

Lebih Daripada တွံတေးသိန်းတန်

Lihat semualogo
အသီးတစ်ရာ အညှာတစ်ခု oleh တွံတေးသိန်းတန် - Lirik dan Liputan