menu-iconlogo
huatong
huatong
avatar

အမေ့ပါးကသနပ်ခါး

တွံတေးသိန်းတန်huatong
🕊ရဲနိုင်🕊🇲🇲huatong
Lirik
Rakaman
အကြောင်းအပေါင်းသင့်လာလို့

အပေါင်းအသင်းရေ ပြောပြချင်တယ်

ခေတ်ဆန်တာမှကြိုက်တယ်

မင်းသဘောကို ဘ၀င်မကျလို့ရယ်

ကိုယ့်ဘ၀ကို အသေအချာတွေး

တွေး တွေးလို့မှာချင်စမ်းတယ်

သူငယ်ချင်းရယ် မင်းဘာလူမျိုးလဲလို့

မှန်ထောင်ကာအသေအချာကြည့်ဦးကွယ်

( ကြုံကြိုက်လို့ ပြောလိုက်ပါရစေ

သူငယ်ချင်းရေ တကယ်တော့

ခေတ်ဆန်တာမှ ကြိုက်ပါတယ်ဆိုတဲ့

မင်းရဲ့စကားလေးတွေကို

ဘ၀င်မကျလို့

ပြောရမှာပါ အေး

ခေတ်ဆန်တယ်ဆိုတာရယ်

တိုးတက်တယ်ဆိုတာရယ် ဆိုတဲ့

စကားနှစ်မျိုးကိုလည်းပဲ

နားလည်စေချင်ပါတယ် ပြီးတော့

ကိုယ့်ယဉ်ကျေးမှု ကိုယ့်အနုအလှ

ကိုယ့်ဂီတဆိုတာကို အမေ့ပါးက

သနပ်ခါးသဖွယ်ထားပြီး

ဖြစ်စေချင်လွန်းလို့

ဒီသီချင်းကို စေတနာသန့်သန့်နဲ့

တင်ပြရမှာပါ . .

ကဲ နားထောင်ပါဦး

သူငယ်ချင်းရယ်

ကိုယ့်ဘ၀ ကိုယ့်အခြေအနေ

အဲ့ဒါတွေနဲ့ ဆက်စပ်ပြီးတော့

နားထောင်ကြည့်မယ်ဆိုရင်

ဒီသီချင်းဟာ

ပိုပြီးတော့ အရသာရှိလာမှာပါ)

ကြည့်တတ်ရင် မြင်ပါလိမ့်မယ်

ဘိုးဘွားအစဉ်အဆက်က

အမျိုးမြတ်တဲ့

မြန်မာ ပီသလှတဲ့ ဂီတရသ

အနုအလှကို ချစ်ခင်မြတ်နိုးခဲ့တာ

ဒါတော့မင်းသိမှာပါကွယ်

ခုတော့ဖြင့် အခြေပြောင်း

အဟောင်းအကောင်းတွေ

အကြောင်းနှောင်းခဲ့လို့

မင်းမေ့ပြီထင်တယ်

( တို့ ရိုးရာ ဂီတကို

နားဆင်ကြည့်ပါသူငယ်ချင်း )

နွားညီနောင် ရွှေခြူကုံးနဲ့

လူလုံးပြဟန်ရေးကြွယ်

ခြောက်စထောင် လည်းယဉ်ကြော့နဲ့

ပွဲဝင်တော့မယ်လေဗျား

အော် နွားညီနောင် ရွှေခြူကုံးနဲ့

လူလုံးပြလို့ဟန်ရေးကြွယ်

ခြောက်စထောင် လည်းယဉ်ကြော့နဲ့

ပွဲဝင်တော့မယ်လေဗျား

ဆံမြိတ်နွယ်အသာချ

လက်ပွအင်္ကျီပဒုမ္မာ

သရက်ထည် ပွင့်ဝါရိုက်နဲ့

လိုက်ဖက်တဲ့

ခင်ပျိုမေကို ပွဲအ၀င် ခေါ်ပုံဆန်း

မှန်းကြည့်စမ်းကွယ်

မှန်းကြည့်စမ်းကွယ်

ဒါတင်မကဘူး သူငယ်ချင်းရယ်

ကဗျာဂီတ ရသ စာပေ

ရတု ရကန် အဲအံ သဒ္ဒါချင်း

ရှေးရှေးကဗုံရှည်မကျန်တယ်

ဗြောသံအိုးစည် ခုနှစ်ထွေဂီတ

မြိုင်ထစုံပါတယ်

ပတ်ပျိုး ကြိုးဘွဲ့ သီချင်းခံ

ယိုးဒယား တစ်မျိုးခြားနားကာ

ရုပ်စုံစင်တော်ကြီးရဲ့ မငြီးစရာ

နက်ရှိုင်းလှတဲ့

နှိုင်းမရစရာ ခက်ခဲလှတဲ့

အခြေခံစည်းနဲ့ဝါးအစ

မင်းမေ့ပြီထင်တယ်

ကဗျာလွတ်ဂီတဆိုတာ

ဘ၀အခြေလွတ်စရာ

မင်းအတွက်

ဂီတမဖြစ်ကောင်းပါဘူးကွယ်

သိပ်ချစ်လို့ သူငယ်ချင်းရယ်

မင်းသိအောင် ငါပြောပြမယ်

(သေချာနားထောင်နော် သူငယ်ချင်း)

တိုးတက်လာသမျှ

အမျိုးအတွက်သာပလို့

ငါလက်ခံပါတယ်

သိပ်ချစ်လို့ သူငယ်ချင်းရယ်

မင်းသိအောင် ငါပြောပြမယ်

(စေတနာ သန့်သန့်နဲ့ပါ သူငယ်ချင်းရယ်)

တိုးတက်လာသမျှ

အမျိုးအတွက်သာပလို့

ငါလက်ခံပါတယ် (ဒါပေမယ့်လေ)

မြန်မာဆိုရင် ငါးပိကို မမေ့နဲ့

စာပေမှာ ဗျည်းနဲ့သရတော့

သတိရပါဦးကွယ်

ခေတ်တွေ ဘယ်လိုတိုးတက်

အမျိုးဆက်မပြတ်အောင်

သတိထားရင်

ကျေနပ်ပါတယ်

ဘ၀င်မကျလို့တင်ပြရတာ

နားဝင်စမ်းပါ သူငယ်ချင်း

ထပ်ခါမှာချင်သေးတယ်

မင်းအမေပါး .. ..

ပါးနှစ်ဖက်က

သနပ်ခါးပါးကွက်ကို

တအားဖက်လို့

မွှေးတတ်ပါစေကွယ် .. ..

ကျေးဇူးတင်ပါတယ်

ရဲနိုင်

Lebih Daripada တွံတေးသိန်းတန်

Lihat semualogo
အမေ့ပါးကသနပ်ခါး oleh တွံတေးသိန်းတန် - Lirik dan Liputan