menu-iconlogo
huatong
huatong
avatar

နှမလက်လျှော့နေလေတော့

တွံတေးသိန်းတန်huatong
mrkyb73huatong
Lirik
Rakaman
နှမလက်လျှော့နေလေတော့

တွံတေးသိန်းတန်

...

ချစ်သူရှိရာ သည်ဌာနဆီသို့

မှန်း ဆ တမ်းတပါသော်လည်း

တစ်ခါတစ်ခေါက်ဖြင့်

မလာရောက်ဝံ့သူပါကွယ်

နှစ်ကူးလည်၍ နေ့နဲ့ရက်ပြောင်း

လညောင်း ကူးလာ ကြည်သာရွှင်ပြ

ချစ်သူ မျက်နှာလှလှပပမြင်လိုလှတယ်

တစ်မေခင်ကိုဖြင့် မကြင်ဝံ့သူဗျာ ကြွယ်

ချစ်သူရှိရာ သည်ဌာနဆီသို့

မှန်း ဆ တမ်းတပါသော်လည်း

တစ်ခါတစ်ခေါက်ဖြင့်

မလာရောက်ဝံ့သူပါကွယ်

နှစ်ကူးလည်၍ နေ့နဲ့ရက်ပြောင်း

လညောင်း ကူးလာ ကြည်သာရွှင်ပြ

ချစ်သူ မျက်နှာလှလှပပမြင်လိုလှတယ်

တစ်မေခင်ကိုဖြင့် မကြင်ဝံ့သူဗျာ ကြွယ်

မြတ်မျိုး မြင့်မှန် ကြင်ပေတန်၍

ရွယ်ရန်ရည်ရင့် ဆင်တိုင်းတင့်သူရယ်

ဒေဝစ္ဆရာနတ်မယ်လျနှယ်

လှခေါင်ဝင်းထွတ် ပြစ်မျိုးလွတ်ကင်း

ဆင်းအင်လက္ခဏာပြည့်စုံရှာတယ်

အချစ်ဦးသူ မပစ်ဘူး အတူ

စိတ်ကရည်စူး ရည်စူးမိသော်လည်း

ဂုဏ်တံတိုင်းကာခြား ခြုံသိုင်းကာထား

သံကွန်ခြာ ခုနှစ်ဆင့်မှာမှ

အသွင်တင့်သူ လှခေါင်မှူးရယ်

မကြင်ဝံ့သူ မင်းမောင် ရူးရှာမယ်

ခုတော့ဖြင့် မနေသာ

တစ်ပြည်တစ်ရွာသို့

သွေခွာလို့ပြေးခဲ့ပြီကွယ်

မကြင်နာလို့တော့ ဟုတ်ပါဘူး

မယှဉ်သားလို့ ဆုတ်လာသူတစ်ဦး ဘဝဝယ်

ချစ်သူရှိရာ

မလာဝံ့ဝံ့ ဗျာသင့် လှိုင်ပူကြွယ်

စိန္တေမြတ်ထံ ဆုပန် သ

အခုတစ်ဖန်ဘဝ မဆုံရသည်ရှိသော်

နောင်တမလွန် ဘဝဆက်တိုင်း

ချစ်ရသူနဲ့ ချစ်တိုင်းညားရပါစေတကယ်

ဂုဏ်တံတိုင်း ငွေတံတိုင်း

တံတိုင်းတပ်ကာထား

ပိုင်းဖြတ်ကာ သွားနိုင်တဲ့ကိုယ်

ဖြစ်ရပါလိုကြောင်း ဆုတောင်းမိတယ်

မယှဉ်ဝံ့သူ ကိုယ့်အဖြစ်များရယ်ကြောင့်

ဒီဘဝအတွက်တော့နှမလက်လျှော့

နေလေဦးတော့ကွယ်

...

စိန္တေမြတ်ထံ ဆုပန် သ

အခုတစ်ဖန်ဘဝ မဆုံရသည်ရှိသော်

နောင်တမလွန် ဘဝဆက်တိုင်း

ချစ်ရသူနဲ့ ချစ်တိုင်းညားရပါစေတကယ်

ဂုဏ်တံတိုင်း ငွေတံတိုင်း

တံတိုင်းတပ်ကာထား

ပိုင်းဖြတ်ကာ သွားနိုင်တဲ့ကိုယ်

ဖြစ်ရပါလိုကြောင်း ဆုတောင်းမိတယ်

မယှဉ်ဝံ့သူ ကိုယ့်အဖြစ်များရယ်ကြောင့်

ဒီဘဝအတွက်တော့နှမလက်လျှော့

နေလေဦးတော့ကွယ်

ကျေးဇူးတင်ပါတယ် ..

winbo29

Lebih Daripada တွံတေးသိန်းတန်

Lihat semualogo
နှမလက်လျှော့နေလေတော့ oleh တွံတေးသိန်းတန် - Lirik dan Liputan