menu-iconlogo
huatong
huatong
avatar

အမေ့အိမ်

ထူးအိမ်သင်huatong
Heintayzarhuatong
Lirik
Rakaman
လောကရဲ့လမ်းများပေါ်

လျှောက်သွားရင်းနဲ့

မောပန်းနွမ်းနယ်

နှလုံးသားကလွမ်းဆွတ်လို့

တမ်းတမိခဲ့

အမေ့ရဲ့အိမ်ကို

အေးမြတဲ့

အမေ့ရဲ့မေတ္တာရိပ်နဲ့

ဝေးခဲ့သူမို့

တစ်ခါတစ်လေပြန်လည်တွေး

ရင်မှာပိုကြေကွဲ

ခြောက်သွေ့တဲ့

အိပ်မက်ရှည်တွေကြားထဲမှာ

အရိပ်တစ်ခုလွင့်ပြယ်

ရက်စက်တဲ့နေ့ရက်များ

တိုက်ခိုက်ကြလို့

အားနည်းနေပြီဆို

တင်းထားတဲ့စိတ်ဓါတ်များ

ပြိုကွဲသွားမလား

စိုးရိမ်လို့ ရင်မှာ ဒါဏ်ရာများနဲ့

နာကျင်နေပြီပဲ

အိမ်ပြန်ချင်တယ် (ဟူး)

အငြိမ်းချမ်းဆုံးအမေ့အိမ်

အိမ်ပြန်ချင်တယ် (ဟူး)

အနွေးထွေးဆုံးအမေ့အိမ်

အိပ်မရတဲ့ ညများစွာထဲ (အိုး)

ရထားဥဩသံလေးများကြားရင်

အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး

မွန်းကျပ်တဲ့မြို့ပြလူနေမှုစနစ်မှာ

စီးမြောရင်းလေ

မပြီးသေးတဲ့ခရီးတစ်ခု

အဆုံးထိရောက်ဖို့

ကြိုးစားနေသူမှာ

ရိုးသားတဲ့ ကျေးလက်က

အမေ့အိမ်လေးအကြောင်း တွေးမိနေလို့

မြင်ယောင်ကာအိမ်မက်ရင်

အလိုလိုငိုချင်တယ်

အိမ်ပြန်ချင်တယ် (ဟူး)

အငြိမ်းချမ်းဆုံးအမေ့အိမ်

အိမ်ပြန်ချင်တယ် (ဟူး)

အနွေးထွေးဆုံးအမေ့အိမ်

အိပ်မရတဲ့ ညများစွာထဲ (အိုး)

ရထားဥဩသံလေးများကြားရင်

အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး

အားလုံးထက်နွေးထွေး

လုံခြုံတဲ့နေရာဟာ

အမေ့ရင်ခွင်ပဲလို့

သိလိုက်ရတဲ့အချိန်ကျတော့

ကျွန်တော်က

ဟိုး အဝေးကြီးမှာ

ရောက်ရှိနေခဲ့ပြီလေ

ရိုးသားတဲ့ ကျေးလက်က

အမေ့အိမ်လေးအကြောင်း

တွေးမိနေလို့

မြင်ယောင်ကာအိမ်မက်ရင်

အလိုလိုငိုချင်တယ်

အိမ်ပြန်ချင်တယ် (ဟူး)

အငြိမ်းချမ်းဆုံးအမေ့အိမ်

အိမ်ပြန်ချင်တယ် (ဟူး)

အနွေးထွေးဆုံးအမေ့အိမ်

အိပ်မရတဲ့ ညများစွာထဲ (အိုး)

ရထားဥဩသံလေးများကြားရင်

အိမ်ပြန်ချင်တဲ့စိတ်ကလေး...တားမရဘူး

~~(Thanks)~~

Lebih Daripada ထူးအိမ်သင်

Lihat semualogo
အမေ့အိမ် oleh ထူးအိမ်သင် - Lirik dan Liputan