menu-iconlogo
huatong
huatong
avatar

အဝေးရောက်နေတဲ့သား

နိုင်မင်းအောင်huatong
cityguardhuatong
Lirik
Rakaman
အဝေးရောက်နေတဲ့သား

အမေလွမ်းလို့မငိုပါနဲ့ အမေ

အမေရှိတဲ့မြန်မာပြည်ကိုပဲအဝေးကလွမ်းတယ်အမေ

တိုင်းတပါးပြည်သို့ရောက်နေသော်လည်း

တစ်နေ့မှမေ့မရမေမေ့ရင်ခွင်

ရင်ထဲလွမ်းတိုင်းမျက်ရည်လည်

အမေ့သားအဝေးကလှမ်းလာမယ်

အမေ့ရဲ့နွေးသောရင်ခွင်

မေတ္တာပန်းဥယျာဉ်လေးဆီ

တစ်နေ့မှာသားအရောက်ပြန်လာခဲ့မယ်

မွေးဇာတိမြို့ကိုကျွန်တော်လွမ်းတယ်

လမင်းကြီးသာချိန်တိုင်းမှာ

ကိုယ့်မွေးရပ်ဌာနေကိုပဲသားလွမ်းမိတယ်အမေ

ဘဝရဲ့ရည်မှန်းချက်ရယ်ကြောင့်သာ

တိုင်းတပါးအဝေးမှာနေရတာပါ

ကိုယ့်တိုင်းကိုယ့်မြို့ကိုယ့်နိုင်ငံ

ရင်ထဲလွမ်းတိုင်းတေးတွေသီ

အမေ့ရဲ့နွေးသောရင်ခွင်

ပြေးဝင်လို့သားခိုနားချင်

သတိရတိုင်းသားငိုနေမိတယ်

အမေ့အိမ်ကလေးသားပြန်လာခဲ့ချင်

မေမေ့ရဲ့နှလုံးသားဥယျာဉ်မှာ

မေတ္တာပန်းတွေဝေနေ

အဝေးတမြေတိုင်းတပါးဆီက

သားလေနေ့တိုင်းလွမ်းတယ်

အနန္တကျေးဇူးမေတ္တာကြီးမားတဲ့အမေ့ရဲ့မေတ္တာ

ဘုရားမြတ်ထံပါးဆုခြွေ

ထာဝရအမေရယ်ကျန်းမာပါစေသား

အမေလွမ်းလို့မငိုပါနဲ့ အမေ

အမေရှိတဲ့မြန်မာပြည်ကိုပဲအဝေးကလွမ်းတယ်အမေ

တိုင်းတပါးပြည်သို့ရောက်နေသော်လည်း

တစ်နေ့မှမေ့မရမေမေ့ရင်ခွင်

ရင်ထဲလွမ်းတိုင်းမျက်ရည်လည်

အမေ့သားအဝေးကလှမ်းလာမယ်

အမေ့ရဲ့နွေးသောရင်ခွင်

မေတ္တာပန်းဥယျာဉ်လေးဆီ

တစ်နေ့မှာသားအရောက်ပြန်လာခဲ့မယ်

မွေးဇာတိမြို့ကိုကျွန်တော်လွမ်းတယ်

လမင်းကြီးသာချိန်တိုင်းမှာ

ကိုယ့်မွေးရပ်ဌာနေကိုပဲသားလွမ်းမိတယ်အမေ

ဘဝရဲ့ရည်မှန်းချက်ရယ်ကြောင့်သာ

တိုင်းတပါးအဝေးမှာနေရတာပါ

ကိုယ့်တိုင်းကိုယ့်မြို့ကိုယ့်နိုင်ငံ

ရင်ထဲလွမ်းတိုင်းတေးတွေသီ

အမေ့ရဲ့နွေးသောရင်ခွင်

ပြေးဝင်လို့သားခိုနားချင်

သတိရတိုင်းသားငိုနေမိတယ်

အမေ့အိမ်ကလေးသားပြန်လာခဲ့ချင်

မေမေ့ရဲ့နှလုံးသားဥယျာဉ်မှာ

မေတ္တာပန်းတွေဝေနေ

အဝေးတမြေတိုင်းတပါးဆီက

သားလေနေ့တိုင်းလွမ်းတယ်

အနန္တကျေးဇူးမေတ္တာကြီးမားတဲ့အမေ့ရဲ့မေတ္တာ

ဘုရားမြတ်ထံပါးဆုခြွေ

ထာဝရအမေရယ်ကျန်းမာပါစေသား

Lebih Daripada နိုင်မင်းအောင်

Lihat semualogo
အဝေးရောက်နေတဲ့သား oleh နိုင်မင်းအောင် - Lirik dan Liputan