မိုးစက်တင်လေ Unicode
ဆို ️ နီနီခင်ဇော် Ni Ni Khin Zaw
Go...
ပင်လယ်နေပူရင်
ဖြစ်ချင်းသဘောတွေ
ဟို တောင်ပြာတန်းရိုး
မိုးစက်မှုန်ရင်
တို့ရဲ့စိတ်တွေပြေးသွားခဲ့သည်
မင်းတစ်ယောက်ရှိတဲ့ဆီ
မှန်းဆလွမ်းပါသည်️
မညှာမတာ မိုးကြမ်းများ ငါ့ကိုလေ
ရိုက်နှက်လို့ မသွားအောင်
ကူညီလို့ပေးတယ်
တိမ်လွှာပြင်မိုးသားအောက်က
ချစ်တဲ့သူရေ️
မြေပြင်လူ ငါ့အထက်ကပ်လျက်
ရပ်ခဲ့သူရေ️
သောကဝေဒုက္ခမိုးရေတွေ
မထိခိုက်အောင်ကာဆီးခဲ့သူရေ
အမည်ပေးလိုက်ချင်တယ်လေ
မိုးစက်တင်လေ ️
နွေအလယ် ပျံကာနေတဲ့
ငှက်ကလေးများတို့ရယ်
ဟို ဖြူစင်ရိုးသား
စိတ်ထားမြတ်သူ
တို့ရဲ့အချစ်တွေသိမ်းထားခဲ့ပြီ
သူရဲ့နှလုံးသားဆီ ️
တစ်နေ့တော့အရောက်လာမည်
ကြုံရင်ပြောလိုက်ပေါ့
ငှက်ငယ်တွေရယ်
ငါ့တစ်သက်ရဲ့ညတွေ
အာရုဏ်ကျင်းလင်းနေ
သံသာလေကမ်းက
မိုးစက်တင်လေ️
ရေပူရေချမ်းကမ်းလှမ်းမယ့်
မိုးစက်တင်လေ ️
သောကဝေဒုက္ခမိုးရေတွေ
ကင်းလွတ်ရာဘဝလေးထဲမှာလေ
ကိုယ်လိုက်လို့ရှာမယ်လေ
မိုးစက်တင်လေ ️
️ ️ ️ ️ ️
အဆုံးအစမဲ့လမ်းက မသိပေမယ့်
မှန်းဆလို့ တမ်းတတွေ့ချင်နေ
မိုးစက်တင်လေ️
မိုးစက်တင်လေ️
မိုးစက်တင်လေ️
ဘယ်မလဲအချစ်ရေ
️ ️ ️ ️ ️
နွေအလယ် ပျံကာနေတဲ့
ငှက်ကလေးများတို့ရယ်
ဟို ဖြူစင်ရိုးသား
စိတ်ထားမြတ်သူ
တို့ရဲ့အချစ်တွေ သိမ်းထားခဲ့ပြီ
သူရဲ့နှလုံးသားဆီ ️
တစ်နေ့တော့ အရောက်လာမည်
ကြုံရင်ပြောလိုက်ပေါ့
ငှက်ငယ်တွေရယ်
ငါ့တစ်သက်ရဲ့ညတွေ
အာရုဏ်ကျင်းလင်းနေ
သံသာလေကမ်းက
မိုးစက်တင်လေ️
ရေပူရေချမ်းကမ်းလှမ်းမယ့်
မိုးစက်တင်လေ ️
သောကဝေဒုက္ခမိုးရေတွေ
ကင်းလွတ်ရာဘဝလေးထဲမှာလေ
ကိုယ်လိုက်လို့ရှာမယ်လေ
မိုးစက်တင်လေ ️
Thank You So Much