menu-iconlogo
huatong
huatong
avatar

သတို့သားအရံ Unicode.

ပိုင်သက်ကျော်huatong
peggyfok2huatong
Lirik
Rakaman

ဘဝသစ်ထူထောင်ပြီးလေ

နှစ်ဦးမျှတူ လှမ်းကြတော့မယ်

သူငယ်ချင်းတို့ ချစ်ကြင်သူနှစ်ဦးရေ

အသက်ထက်ဆုံးပျော်ရွှင်မဆုံး

ပြုံးလို့ပျော်ပါစေ

နေနဲ့လနဲ့ ရွှေနဲ့မြလို

ရှေ့သွားနောက်လိုက် ညီညာနေ

သီးချိန်တန်သီးလို့လေ

ပွင့်ချိန်တန်ပွင့်နေ

ကြည့်လို့ရှုမညီး

ချစ်ဇနီးအလှနဲ့ လင်တော်မောင်

သဉ္ဇာဆောင် ထက်ဗွေ

သတိုးသားနေရာ နံဘေးကနေ

သတို့သားအရံလေး လိုအပ်ခဲ့ရင်

တို့လုပ်ပါရစေ

သတို့သမီးနေရာ နံဘေးကနေ

သတို့သမီးအရံလေး လိုအပ်ခဲ့ရင်

အသင့်ရှိလို့နေ

သတိုးသားနေရာ နံဘေးကနေ

သတို့သားအရံလေး လိုအပ်ခဲ့ရင်

တို့လုပ်ပါရစေ

သတို့သမီးနေရာ နံဘေးကနေ

သတို့သမီးအရံလေး လိုအပ်ခဲ့ရင်

အသင့်ရှိလို့နေ

သူငယ်ချင်းတို့လျှောက်သောလမ်း

ဖြောင့်ဖြောင့်တန်းလို့ သာယာစေ

လက်တွဲမဖြုတ်နဲ့ အေးအတူပူအမျှ

အတူတကွခံစားကြစေ စံစားကြစေ

ဆုတောင်းလိုက်ပါတယ်လေး

ဘဝသစ်ထူထောင်ပြီးလေ

နှစ်ဦးမျှတူ လှမ်းကြတော့မယ်

သူငယ်ချင်းတို့ ချစ်ကြင်သူနှစ်ဦးရေ

အသက်ထက်ဆုံးပျော်ရွှင်မဆုံး

ပြုံးလို့ပျော်ပါစေ

ဘဝသစ်ထူထောင်ပြီးလေ

နှစ်ဦးမျှတူ လှမ်းကြတော့မယ်

သူငယ်ချင်းတို့ ချစ်ကြင်သူနှစ်ဦးရေ

အသက်ထက်ဆုံးပျော်ရွှင်မဆုံး

ပြုံးလို့ပျော်ပါစေ

နေနဲ့လနဲ့ ရွှေနဲ့မြလို

ရှေ့သွားနောက်လိုက် ညီညာနေ

သီးချိန်တန်သီးလို့လေ

ပွင့်ချိန်တန်ပွင့်နေ

ကြည့်လို့ရှုမညီး

ချစ်ဇနီးအလှနဲ့ လင်တော်မောင်

သဉ္ဇာဆောင်ထက်ဗွေ

သတိုးသားနေရာ နံဘေးကနေ

သတို့သားအရံလေး လိုအပ်ခဲ့ရင်

တို့လုပ်ပါရစေ

သတို့သမီးနေရာ နံဘေးကနေ

သတို့သမီးအရံလေး လိုအပ်ခဲ့ရင်

အသင့်ရှိလို့နေ

သတိုးသားနေရာ နံဘေးကနေ

သတို့သားအရံလေး လိုအပ်ခဲ့ရင်

တို့လုပ်ပါရစေ

သတို့သမီးနေရာ နံဘေးကနေ

သတို့သမီးအရံလေး လိုအပ်ခဲ့ရင်

အသင့်ရှိလို့နေ

သူငယ်ချင်းတို့လျှောက်သောလမ်း

ဖြောင့်ဖြောင့်တန်းလို့ သာယာစေ

လက်တွဲမဖြုတ်နဲ့ အေးအတူပူအမျှ

အတူတကွခံစားကြစေ စံစားကြစေ

ဆုတောင်းလိုက်ပါတယ်လေး

ဘဝသစ်ထူထောင်ပြီးလေ

နှစ်ဦးမျှတူ လှမ်းကြတော့မယ်

သူငယ်ချင်းတို့ ချစ်ကြင်သူနှစ်ဦးရေ

အသက်ထက်ဆုံးပျော်ရွှင်မဆုံး

ပြုံးလို့ပျော်ပါစေ

Lebih Daripada ပိုင်သက်ကျော်

Lihat semualogo

Anda Mungkin Suka

သတို့သားအရံ Unicode. oleh ပိုင်သက်ကျော် - Lirik dan Liputan