ကြာရွက်ထီးကလေးအောက်မှာ
ဆို ပိုင်သက်ကျော်
ready
မိုး....မိုး..ရွာမလိုနဲ့ညို
ဟိုတောင်ဆီတစ်ခို
လျှပ်နွယ်ဖြာဝင်း မိုးမာန်ဟုန်ပြင်း. .
အဖော်ကင်းသူ ရွှေရင်မှာဖို. .
မျှော်ရသူကို လွမ်းတသက်သက်ဆွေးတော့လို့
ကိုယ်ချင်းမစာနာညှဉ်း ညှဉ်းရက်သကို
မျှော်ရသူကို လွမ်းတသက်သက်ဆွေးတော့လို့
ကိုယ်ချင်းမစာနာညှဉ်း ညှဉ်းရက်သကို
သူအလာရွာလမ်းမှန်းကာကြို..
တို့၂ဦးဆုံတွေ့ကြမဲ့မြကန်သာသူအရောက်လာမှ
အတိုးချကာ အငြိုးနဲ့ရွာပါရွှေမိုးညို..
မှတ်မိသေးတယ်မေပျို
မှတ်မိသေးတယ်ငယ်ချစ်ဦးပျို. .
မနှစ်က၀သန်မှာဆို အခုလိုချိန်မိုး မည်းညို
ရွှေမိုးမင်းရယ် အကဲတဖိုဖိုသည်းနိုင်သကို
ကြာရွက်ထီးကလေးအောက်မှာ
တို့နှစ်ကိုယ်မိုးအတူခို မိုးမပက်ပေမယ့်
တိုးဖက်လို့အကြင်နာတွေက ပို..
အခုတော့မောင်တစ်ယောက်ထဲ အဖော်ကွဲမျှော်ဆဲ
ပင့်သက်ဖြာမော ရင်ထဲလှိုက်ဖို
သြော်ချစ်သူလာလမ်း မျှော်မှန်းလို့ကြို
တစ်ရွာသားကို
ရည်းစားထားလို့ မောင့်ကိုပစ်ပယ်ပြီလားပျို
ကြာရွက်ထီးကလေးအောက်မှာမောင်တစ်ယောက်တည်း
ရှိုက်ကာငို..
ready
မိုး....မိုး..ရွာမလိုနဲ့ညို
ဟိုတောင်ဆီတစ်ခို
လျှပ်နွယ်ဖြာဝင်း မိုးမာန်ဟုန်ပြင်း. .
အဖော်ကင်းသူ ရွှေရင်မှာဖို. .
မျှော်ရသူကို လွမ်းတသက်သက်ဆွေးတော့လို့
ကိုယ်ချင်းမစာနာညှဉ်း ညှဉ်းရက်သကို
မျှော်ရသူကို လွမ်းတသက်သက်ဆွေးတော့လို့
ကိုယ်ချင်းမစာနာညှဉ်း ညှဉ်းရက်သကို
သူအလာရွာလမ်းမှန်းကာကြို..
တို့၂ဦးဆုံတွေ့ကြမဲ့မြကန်သာသူအရောက်လာမှ
အတိုးချကာ အငြိုးနဲ့ရွာပါရွှေမိုးညို..
မှတ်မိသေးတယ်မေပျို
မှတ်မိသေးတယ်ငယ်ချစ်ဦးပျို. .
မနှစ်က၀သန်မှာဆို အခုလိုချိန်မိုး မည်းညို
ရွှေမိုးမင်းရယ် အကဲတဖိုဖိုသည်းနိုင်သကို
ကြာရွက်ထီးကလေးအောက်မှာ
တို့နှစ်ကိုယ်မိုးအတူခို မိုးမပက်ပေမယ့်
တိုးဖက်လို့အကြင်နာတွေက ပို..
အခုတော့မောင်တစ်ယောက်ထဲ အဖော်ကွဲမျှော်ဆဲ
ပင့်သက်ဖြာမော ရင်ထဲလှိုက်ဖို
သြော်ချစ်သူလာလမ်း မျှော်မှန်းလို့ကြို
တစ်ရွာသားကို
ရည်းစားထားလို့ မောင့်ကိုပစ်ပယ်ပြီလားပျို
ကြာရွက်ထီးကလေးအောက်မှာ
မောင်တစ်ယောက်တည်း ရှိုက်ကာ ငို..