(B) နဲ့  (G) ခွဲထားပါတယ်
(G)>စိမ့်စမ်းရေအေး.အေး..
စီးဆင်းသံလေးရယ်...
ငြိမ့်ငြိမ့်ဖြည်းဖြည်းမြတေးချိုချို.
ဆိုသည်နှယ်..
ချစ်စရာလေးပေါ့..
ကျော့ကျော့ယဉ်ယဉ်...
တည်ငြိမ်လှတယ်ကွယ်..ဟယ်..
(B)>အချစ်ရေ အချစ်ရေ..
ကိုယ်တို့အသည်းနှလုံးကြားက..
မေတ္တာစမ်းရေ..
စီးသံများ နားဆင်ကွယ်..
နွဲ့နွဲ့တေးနဲ့ သွဲ့သွဲ့လေးတဲ့..
ချစ်တေးကာရံ စီမံခြယ်....
(G)>အချစ်ရယ် အချစ်ရယ်..
ချစ်တယ်ချစ်တယ်တဲ့..
အိုး...
တိုးတိုးတိတ်တိတ်မိုးတစိမ့်စိမ့်ရွာ...
ရွာသလိုပဲ.....ကွယ်...
ချစ်အသံလှိုင်း ၀ိုင်းဝိုင်းလည်.ဟယ်..
(B)>အချစ်ဆိုတဲ့သဘော..
အံ့သြဖွယ်ရာ..
ကုဋေကုဋာ မကပေါင်ကွယ်..
အလှဆောင်တယ်....
မျက်တောင်လေး တစ်ချက်ပင့်သွား..
စကားဖွင့် နယ်ကျယ်..
လှစ်ကျူရှင်းလို့  သိမလားကွယ်...
ချစ်သူချင်းမို့ သိနား..လည် ...
(G)>စိမ့်စမ်းရေအေးအေး..
စီးဆင်းသံလေးရယ်..
ငြိမ့်ငြိမ့်ဖြည်းဖြည်းမြတေးချိုချို..
ဆိုသည်နှယ်...
ချစ်စရာလေးပေါ့..
ကျော့ကျော့ယဉ်ယဉ်..
တည်ငြိမ်လှတယ်ကွယ်...ဟယ်..
(B)>အချစ်ရေ အချစ်ရေ..
ကိုယ်တို့အသည်းနှလုံးကြားက..
မေတ္တာစမ်းရေ...
စီးသံများ နားဆင်ကွယ်....
နွဲ့နွဲ့တေးနဲ့ သွဲ့သွဲ့လေးတဲ့...
ချစ်တေးကာရံ စီမံခြယ်....
(G)>အချစ်ရယ် အချစ်ရယ်..
ချစ်တယ်ချစ်တယ်တဲ့...
အိုး....
တိုးတိုးတိတ်တိတ်မိုးတစိမ့်စိမ့်ရွာ..
ရွာသလိုပဲ.....ကွယ်...
ချစ်အသံလှိုင်း ၀ိုင်းဝိုင်းလည်.ဟယ်..
(B)>အချစ်ဆိုတဲ့သဘော..
အံ့သြဖွယ်ရာ..
ကုဋေကုဋာ မကပေါင်ကွယ်..
အလှဆောင်တယ်..
မျက်တောင်လေး တစ်ချက်ပင့်သွား..
စကားဖွင့် နယ်ကျယ်...
လှစ်ကျူရှင်းလို့  သိမလားကွယ်...
ချစ်သူချင်းမို့ သိနား..လည် ...
(B+G)ချစ်သူတို့ ရင်ထဲ အစဉ်အမြဲ..
အသည်းကဗျာ ရေး...ခြယ်..
မိုးအဆုံးမြေထဲ..
လက်တွဲလို့ လည်ချင်တယ်..
အပြုံးချင်း ယှက်ဖူး..
ကွန့်မြူး လာသည့်နှယ်....
(B)>အချစ်ကြိုးများဆက်သွယ်စို့..
ရှက်တယ်လို့.. မပြောနဲ့..
(G)>တို့နှစ်ဦး...ချစ်နေကြတဲ့..
အကြောင်းတွေ လျှောက်ကာမပြောနဲ့..
(B)>အချစ်ကြိုးများဆက်သွယ်စို့..
ရှက်တယ်လို့.. မပြောနဲ့..
(G)>တို့နှစ်ဦး...ချစ်နေကြတဲ့..
အကြောင်းတွေ လျှောက်ကာမပြောနဲ့ ....