menu-iconlogo
huatong
huatong
Lirik
Rakaman
ရှေးရေစက်

ဗညားဟန်&စိုးစန္ဒာထွန်း

.... ZinKoKo15

လူမြင်ရင်ချစ်ချင်ဖွယ်

ရူပါရုံချောလှတယ်

သဘောကောင်းတဲ့သူကလေးရယ်

အတူဆုံဖို့ နှဖူးစာရေးတယ်..

ယုံကြည်ဖွယ် မာယာနှောကာ

ပြောတက်တဲ့သက်လှယ်ရယ်

နောင်ခါဝယ် မေရှင်လေးကို

အရေးမစိုက်မှာအလွန်ဆိုးတယ်

ချစ်မှာလားကွယ်..

မေတ္တာထားတယ်..

ရှေးရေစက် ကံဆုံတယ်

တူနှစ်သွယ် ဆုံဆည်းရတယ်

ချစ်စရာကောင်းသူလေးရယ်

မောင့်စိတ်ထဲမှာ စွဲလန်းတယ်..

အဟုတ်ကိုပြောတာလားကွယ်

လိမ်ဉာဏ်တွေပိုတယ်..

ဂရုဏာထားတာ အဟုတ်ပါပဲ

မေတ္တာထားတယ် တကယ့်ကိုပဲ

မင်းအလိုရှိရင်မောင့်အသည်း

ခွဲကာပေးမယ်..

တွေ့ရင်တော့ဖြင့်လွမ်းအောင်ချွဲ

နောက်ကွယ်ကျရင်မေ့မှာပဲ

အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို

အလိုလိုက်ရလိမ့်မယ်..

တူမောင်မယ် မေတ္တာအကြောင်းနဲ့

ပေါင်းဖို့ရာ ဆုတောင်းမယ်

ခင်နဲ့မောင် သစ္စာထား

သိကြားနတ်တွေအကုန်သိတယ်

တူမောင်မယ် မေတ္တာအကြောင်းနဲ့

ပေါင်းဖို့ရာ ဆုတောင်းမယ်..

ခင်နဲ့မောင် သစ္စာထား

သိကြားနတ်တွေအကုန်သိတယ်

ချစ်တဲ့သူရယ်..

ကြိုက်တဲ့သူရယ်..

ရာသက်ပန်ရွယ်ကိုးလို့သာ

အရိုးကျအောင်ပေါင်းပါ့မယ်

စိုးရိမ်ဖွယ် စိုးရိမ်ဖွယ်

ယောကျာင်္းများဟာ ဖောက်ပြားလွယ်

တကယ်ကြောက်အားကိုတယ်

ယုံဘူး ယုံဘူး

ချစ်ဦးပျိုသက်လှယ်..

ချစ်စရာကောင်းသူလေးရယ်

မောင့်စိတ်ထဲမှာ စွဲလန်းတယ်..

အဟုတ်ကိုပြောတာလားကွယ်

လိမ်ဉာဏ်တွေပိုတယ်..

ဂရုဏာထားတာ အဟုတ်ပါပဲ

မေတ္တာထားတယ် တကယ့်ကိုပဲ

မင်းအလိုရှိရင်မောင့်အသည်း

ခွဲကာပေးမယ်..

တွေ့ရင်တော့ဖြင့်လွမ်းအောင်ချွဲ

နောက်ကွယ်ကျရင်မေ့မှာပဲ

အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို

အလိုလိုက်ရလိမ့်မယ်

THANKS

Lebih Daripada ဗညားဟန်/စိုးစန္ဒာထွန်း

Lihat semualogo
ရှေးရေစက် oleh ဗညားဟန်/စိုးစန္ဒာထွန်း - Lirik dan Liputan