menu-iconlogo
huatong
huatong
avatar

အမေ့ရုပ်ရည်

ဘိုဖြူhuatong
🦋❄️IvyMay❄️🦋huatong
Lirik
Rakaman
အမေ့ရုပ်ရည်

ဘိုဖြူ

မလွန်ဆန်နိုင်

သင်္ခါရ အမေ့ရဲ့ဘဝ

ဒီအချိန်မှာ

ဇရာ ထောင်းခဲ့ပြီ

အရွယ်အိုပြီ

ဆံဖြူပြီးသွားးကျိုးလို့

ပါးရေနားရေတွေလည်းပဲ

တွန့်လိပ်ပြီ

အမေ့ ဒီအရွယ်နဲ့

အလှပျက်နေပြီလားးး

ဒီအတွေးတွေ

တွေး မိတော့လေ

မီး ဖိုချောင်ထဲ

အိုးမည်းပေနေတဲ့

အမေ့အကဲတွေ

လှမ်းကြည့်နေတုန်း

ဆံပင်တွေဖြူ

သွားကျိုးပါစေ

ပါးရေနားရေတွေ

တွန့်လိပ်ပါစေ

အမေ့ရုပ်ရည်

အမြဲ လှနေတယ်

လူပုံအလယ်

အမေလှုပ်ရှားရုန်း ခဲ့တယ်

ဒဏ်တွေရဲ့

ဖိစီးချက်တွေ

ပီန်လှီနေအရေတင်တဲ့

အရိုး ရုပ်နဲ့

အသံတွေတုန်

ခါးလည်းကိုင်းခဲ့ပြီ

အမေ ဒီအရွယ်ထဲ

အလှပျက် နေပြီလား

ဒီအတွေးတွေ

တွေးးမိတော့လေ

အဝတ်ထိုင်လျှော်ရင်း

မမောပန်းနိုင်ရှာတဲ့

အမေ့အပြုံးတွေ

ငေးကြည့်နေတုန်း

အရည်တင်တဲ့

အရိုးဖြစ်ပါစေ

အသံတွေတုန်

ခါးကိုင်းပါစေ

အမေ့ရုပ်ရည်

အမြဲ လှနေတယ်

မပြင်ဆင်နိုင်

အမေ့အဝတ်အစားလေးရှိတယ်

ဖျင်ပင်နီရင်ဖုံးအင်္ကျီ

အရောင်ပြယ်နေ

မာဆရိုက် ပွင့်ရိုက်နဲ့

ထဘီအဆင်ဟာ

မွဲလွန်း နွမ်းလွန်းပြီ

အမေ့ ဒီအရွယ်ထဲ

အလှပျက်နေပြီလား

ဒီအတွေးတွေ

တွေး မိတော့လေ

ဘုရား စင်ရှေ့နား

ဝတ်ပြုနေလေတဲ့

အမေ့တရားသံ

နားစိုက်နေတုန်း

အရွယ်အိုနေဆဲ

တစ်ဖက်မှာ

ပျိုရွယ်နေဆဲပဲလေ

အမေ့ရုပ်ရည်

အမြဲ လှနေတယ်

အရေတင်တဲ့

အရိုးဖြစ်ပါစေ

အသံတွေတုန်

ခါးကိုင်းပါစေ

အမေ့ရုပ်ရည်

အမြဲ လှနေတယ်

ဆံပင်တွေဖြူ

သွားကျိုးပါစေ

ပါးရေနားရေတွေ

တွန့်လိပ်ပါစေ

အမေ့ရုပ်ရည်

အမြဲ လှနေတယ်

အရွယ်အိုနေဆဲ

တစ်ဖက်မှာ

ပျိုရွယ်နေဆဲပဲလေ

အမေ့ရုပ်ရည်

အမြဲ လှနေတယ်

thanks

ivymay

Lebih Daripada ဘိုဖြူ

Lihat semualogo

Anda Mungkin Suka