menu-iconlogo
huatong
huatong
avatar

နောက်ဆုံးပန်သူ

ဘိုဖြူ Bo Phyuhuatong
mlane88huatong
Lirik
Rakaman
နောက်ဆုံးပန်သူ

တေးရေး ဂျေခူးမား

တေးဆို ဘိုဖြူ

................

ကိုယ်ဟာအပင်အောက်

အပွင့်ကလေးကစောင့်နေတယ်

ကြွေလာလှည့်စမ်းပါ

ရင်ထဲကြေကွဲဖြစ်ရတယ်

အချစ်ကလေး

ဝေသန္တရာလို အသည်းများ

ပေးဝေနေ

ရင်မှာလေအဖြစ်တွေကို

စိုးရိမ်ရင်းအသည်းနာမိတယ်

ကြိတ်မှိတ်ခါသာပဲ

ငိုနေပါ့မယ်

မကြေငြာပါဘူး

ရင်ထဲကအရှုံးဝေဒနာ

ကိုယ်ကအနှိမ်ခံပါပဲ

တိတ်တိတ်ကလေးနဲ့

စောင့်လို့နေမယ်

အော် ပန်းကလေး

ကြွေပါစေ

ကြွေပါစေ

ကြွေပါစေ

..................

တေးရေး ဂျေခူးမား

..................

အပင်ပေါ်ကပန်း

နေနမ်းလို့သွားပြန်ပြီ

ကိုယ်မချူ ဝံ့ပန်းကို

လေကတစ်ခါ

နမ်းသွားပြန်ပြီကွယ်

ကြွေချိန်တန်လို့

ကြွေသွားတော့လည်း

ကိုယ်မျှော်တဲ့ပန်းကို

သစ်ပင်အောက် စမ်း​ရေ

ပန်သွားတယ်

အဦးဆုံး ပန်သူလည်း

မလိုချင်ဘူးကွယ်

ကြွေပါစေတော့

အော် ဒုတိယပန်းပန်သူ

ကိုယ် မဖြစ်ပေမယ့်လည်း

ပန်းပွင့်ကလေးရယ်

နောက်ဆုံးပန်သူ

ကိုယ်ဖြစ်ပါရစေ

ကိုယ်မျှော်နေမယ်

ကိုယ်မျှော်နေမယ်

ကိုယ်မျှော်နေမယ်

..................

နောက်ဆုံးပန်သူ ဘိုဖြူ

...................

အပင်ပေါ်ကပန်း

နေနမ်းလို့သွားပြန်ပြီ

ကိုယ်မချူ ဝံ့ပန်းကို

လေကတစ်ခါနမ်းသွား

ပြန်ပြီကွယ်

ကြွေချိန်တန်လို့

ကြွေသွားတော့လည်း

ကိုယ်မျှော်တဲ့ပန်းကို

သစ်ပင်အောက်စမ်းရေ

ပန်သွားတယ်

အဦးဆုံးပန်သူလည်း

မလိုချင်ဘူးကွယ်

ကြွေပါစေတော့

အော် ဒုတိယပန်းပန်သူ

ကိုယ်မဖြစ်ပေမယ့်လည်း

ပန်းပွင့်ကလေးရယ်

နောက်ဆုံးပန်သူ

ကိုယ်ဖြစ်ပါရစေ

ကိုယ်မျှော်နေမယ်

ကိုယ်မျှော်နေမယ်

ကိုယ်မျှော်နေမယ်

ကျေးဇူးတင်ပါသည်။

...................

Lebih Daripada ဘိုဖြူ Bo Phyu

Lihat semualogo