menu-iconlogo
huatong
huatong
avatar

ညှို့မျက်ဝန်း

ဘိုဘိုhuatong
AyeKyaw(အူအူး)huatong
Lirik
Rakaman
ညှို့မျက်ဝန်း

ဘိုဘို

နောက်လှည့်အကြည့်တစ်ချက်

ဆိုသာရုံလေး

ညှို့မျက်ဝန်းရှင်ရယ်

မင်းပေးသွားတဲ့ ရင်ဝေဒနာလည်း

စက္ကန့်ရွေ့အမျှပါပဲ

ကလေး ငယ်လို

လိုလားမှူ များစွာနဲ့ရယ်

တောင်း ခံသူကို

အချစ် တစ်ခြမ်းတစ်ဖဲ့ဖြစ်ဖြစ်

စေတနာ သဒ္ဓါသလောက်မျှခဲ့ပါ

အချစ် လမ်းတစ်ဝက်ဖြစ်ဖြစ်

ကြင်နာနိုင်သလောက်ရွေ့လှမ်းပါ

အချစ် ပန်းတစ်ဝက်ဖြစ်ဖြစ်

စာနာနိုင်သလောက်စွန့်ခဲ့ပါ

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ

ပြောလှည့်ပါ ဟောလှည့်ပါ

အချစ်တစ်ရားတစ်ပုဒ်နာလိုသူမှာ

အတွေးများစွာ ပေးထားတာ

အရှုံးအမြတ်အတွက်

မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ညှိုးငယ်စိတ်နဲ့အတူ

မြေစာမြက်တို့ရဲ့သိမ်ငယ်မှုနဲ့ ထပ်တူ

တစ်ပြည်ကွာအနမ်းတို့ရဲ့

ဝေးကွာခြင်းနဲ့အတူ

ဒီလူမှာသာ

ဆုံး ရှုံး နေမှာပဲလေ

ဆုံးကာ ရှုံးကာသာ

နေ မှာပဲလေ

ဆုံး ရှုံး နေမှာဘဲလေ

အမြဲအစဉ် ရှုံးကာသာ

နေမှာပဲလေ

အမြဲရှုံး နေမှာပဲလေ

အချစ်ရေ

အသည်းခွင်းမြှားချက်

ရင်လည်ဗဟို၌

စူးစိုက်ခဲ့ပြီကွယ်

အပြုံးဝင့်တချက်က

ရင်ကိုတစ်ပါတည်း

သိမ်းပိုက်သွားပြီကွယ်

စိတ် အစဉ်ရယ်

တစ်ပါတည်းနဲ့

လိုက်ပါသွားတယ်

ညို့ ပိုင်သူရေ

အရှင့် ပုခုံးနုထက်မှ

အပြာရောင်လွယ်အိတ်ကလေး

ဖြစ်ပါရစေ

အရှင့် ဖဝါးနုအောက်မှ

ကတ္တီပါဖိနပ်ကလေး

ဖြစ်ပါရစေ

အရှင့် ဦးထိပ်ထက်မှ

ငွေရောင်ဆံညှပ်ကလေး

ဖြစ်ပါရစေ

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ

ပြောလှည့်ပါ ဟောလှည့်ပါ

အချစ်တစ်ရားဦး တစ်ပုဒ်

နာလိုသူမှာ

အတွေးများစွာ ပေးထားတာ

အရှုံးအမြတ်အတွက်

မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ညှိုးငယ်စိတ်နဲ့အတူ

မြေစာမြက်တို့ရဲ့သိမ်ငယ်မှုနဲ့ထပ်တူ

တစ်ပြည်ကွာအနမ်းတို့ရဲ့

ဝေးကွာခြင်းနဲ့အတူ

အရှင်ပိုင်ဆိုင်ရာအသည်းယဇ်

ပလ္လင်တော်ထက်မှာ

မနှေးမြန် စတေးခံကာ

နေမှာပဲလေ

အသည်းယဇ် ပလ္လင်တော်ထက်မှာ

ဆုံးကာရှုံးကာသာ နေမှာပဲလေ

ဆုံး ရှုံး နေမှာပဲလေ အချစ်ရေ

Lebih Daripada ဘိုဘို

Lihat semualogo