menu-iconlogo
huatong
huatong
avatar

ဖြစ်ရပ်မှန်

မင်းစည်သူhuatong
plastigalhuatong
Lirik
Rakaman
ဖြစ်ရပ်မှန်

ဝိုင်းဆုခိုင်သိန်း

ပြောလိုက်ပါငါဆိုတာက

သတ္တိနည်းတယ်လို့

မင်းဘေးကကြင်နာသူလောက်

အဖြစ်မရှိတဲ့သူလို့

ဘုရားပေးတဲ့ကံဆိုတာက

ငါ့အတွက်နည်းနေလို့

ကြိုးစားသမျှနည်းနည်းပဲရတယ်

ငါ့ဘဝကမြေဆိုနင်က

မိုးလောက်မြင့်နေလို့

မင်းသောက်တဲ့ကော်ဖီလိုမျိုး

အမြဲတမ်းခါးနေလို့

လမ်းတဝက်မရောက်ခင်မှာ

နင်ကအမျိုးမျိုးအပြစ်ရှာလို့

မင်းထားတဲ့နေရာမှာနေရစ်ခဲ့

ငါအဆင်ပြေပါတယ်

ငါ့ဘက်လှည့်မကြည့်နဲ့

ငါမျက်ရည်ကျနေလဲ

ပြုံးထားပါတယ်

နင်အရမ်းချစ်ရတဲ့သူကိုလက်တွဲ

သိပ်ချစ်တတ်တဲ့ငါ့ကိုထားခဲ့

ငါ့ဘဝကနေဆို

နင်ကနေ့ဘက်မထွက်ချင်လို့

နင့်ဘဝလသာအောင်

ငါကမထားပေးခဲ့နိုင်လို့

လမ်းတဝက်မရောက်ခင်မှာ

နင်ကအမျိုးမျိုးအပြစ်ရှာလို့

အလိုက်တသိနဲ့ငါဟာကျန်ရစ်ခဲ့

ငါအဆင်ပြေပါတယ်

ငါ့ဘက်လှည့်မကြည့်နဲ့

ငါမျက်ရည်ကျနေလဲ

ပြုံးထားပါတယ်

နင်အရမ်းချစ်ရတဲ့သူကိုလက်တွဲ

သိပ်ချစ်တတ်တဲ့ငါ့ကိုထားခဲ့

ငါအဆင်ပြေပါတယ်

ငါ့ဘက်လှည့်မကြည့်နဲ့

ငါမျက်ရည်ကျနေလဲ

ပြုံးထားပါတယ်

ငါအဆင်ပြေပါတယ်

တခါတလေလဲဝမ်းနည်း

ငါမျက်ရည်စတွေနဲ့

ပြုံးတတ်လာတယ်

နင်အရမ်းချစ်ရတဲ့သူကိုလက်တွဲ

သိပ်ချစ်တတ်တဲ့ငါ့ကိုထားခဲ့

နင်အရမ်းချစ်ရတဲ့သူကိုလက်တွဲ

သိပ်ချစ်တတ်တဲ့ငါ့ကိုထားခဲ့

Lebih Daripada မင်းစည်သူ

Lihat semualogo