menu-iconlogo
huatong
huatong
avatar

မိုးတွေရွာတိုင်းမျက်ရည်ဝိုင်း

မနေhuatong
ChitWinnHtuthuatong
Lirik
Rakaman
"မိုးတွေရွာတိုင်းမျက်ရည်ဝိုင်း"

ရေး/ဆို - အောင်သူ/မနော

ညို့မျက်ဝန်းမှာ မကြင်နာသမျှ တသွင်သွင်စီး ရှာရတယ်

အလွမ်းမျက်ရည် ချောင်းကလေးဖြစ်ကာနေ

တစ်မြေစီခြားတော့ ရွှေအားလေးရယ် ငယ်နေငယ်နေ

သံယောဇဉ်အမျှင်တန်းတုန်းက သူပြောခဲ့တာတွေ

အခုနေခါများမှာ မေ့နေပြီလားအချစ်ရေ

ယုံပါမောင်ရေ မာယာသံနှောလို့ သူပဲပြောတယ်လေ

ပိုးစုန်းကြူးလေးငယ်ငယ် အလင်းရောင်ထည်ဝါ လမင်းထက်သာမှ မောင့်ကိုမုန်းမယ် မေ့မယ်တဲ့ကွယ် ယုံတမ်းစကားတွေကိုလည်းကွယ် ယုံစားမိလို့ မောင်မှားခဲ့ပါတယ်...

အခုတော့မဖြေသာ သောကတွေရင်မှာပိုက်လို့ ကံမခိုင်အခြေမသင့်ပြီမို့ မကြံနိုင်လေအလွင့်မှာ ကြွေလွင့်ပေါ့မာလာငယ်ရေ

တမှိုင်မှိုင်တတွေတွေ ခဏလောက်တော့ ပြေးမြင်လှည့်ပါမေ

မိုးတွေရွာတိုင်း လွမ်းအသည်းအိမ်လှိုင်း

သြော်လွမ်းမျက်ရည်ဝိုင်း.. မောင်အသည်းတွေ ကျွမ်းရပြီကွယ့် မျှော်ကိုးသူလွမ်းရပြီကွယ့်

မကြင်နာသူရေ အဝေးကိုပြေး စိမ်း.... စိမ်းသူကြီးရေ....

ညို့မျက်ဝန်းမှာ မကြင်နာသမျှ တသွင်သွင်စီးရှာရပြီ

အလွမ်းမျက်ရည် ချောင်းကလေးဖြစ်ကာနေ

တစ်မြေစီခြားတော့ ရွှေအားလေးရယ် ငယ်နေငယ်နေ

သံယောဇဉ်အမျှင်တန်းတုန်းက သူပြော ခဲ့တာတွေ

အခုနေခါများမှာ မေ့နေပြီလားအချစ်ရေ

ယုံပါမောင်ရေ မာယာသံနှောလို့ သူပဲပြောတယ်လေ ပိုးစုန်းကြူးလေးငယ်ငယ် အလင်းရောင်ထည်ဝါ လမင်းထက်သာမှ မောင့်ကိုမုန်းမယ် မေ့မယ်တဲ့ကွယ် ယုံတမ်းစကားတွေကိုလည်းကွယ်

ယုံစားမိလို့မောင်မှားခဲ့ပါတယ်..

ခုတော့မဖြေသာ သောကတွေရင်မှာပိုက်လို့ ကံမခိုင်အခြေမသင့်ပြီမို့ မကြံနိုင်လေအလွင့်မှာ ကြွေလွင့်ပေါ့မာလာငယ်ရေ တမှိုင်မှိုင်တတွေတွေ ခဏလောက်တော့ ပြေးမြင်လှည့်ပါမေ

မိုးတွေရွာတိုင်း လွမ်းအသည်းအိမ်လှိုင်း

သြော်.လွမ်းမျက်ရည်ဝိုင်း.. မောင်အသည်းတွေ ကျွမ်းရပြီကွယ့် မျှော်ကိုးသူလွမ်းရပြီကွယ့်

မကြင်နာသူရေအဝေးကိုပြေး စိမ်း.... စိမ်းသူကြီးရေ....

မိုးတွေရွာတိုင်း လွမ်းအသည်းအိမ်လှိုင်း

သြော်.လွမ်းမျက်ရည်ဝိုင်း.. မောင်အသည်းတွေ ကျွမ်းရပြီကွယ့် မျှော်ကိုးသူလွမ်းရပြီကွယ့်

မကြင်နာသူရေအဝေးကိုပြေး စိမ်း.... စိမ်းသူကြီးရေ....

Lebih Daripada မနေ

Lihat semualogo
မိုးတွေရွာတိုင်းမျက်ရည်ဝိုင်း oleh မနေ - Lirik dan Liputan