menu-iconlogo
huatong
huatong
Lirik
Rakaman
မိုး

...

မိုးစက်တွေနဲ့

လေနဲ့ရောပြီးအပြေးနှင်လို့ ရွာလေတိုင်း

ကန်ရေထက်မှာ

ငြိမ်သက်ခြင်းများပျက်ပြယ်

လှိုင်းများလှုပ်ခတ်သွားတိုင်း

ငါ့ရင်ထဲမှာ

အနယ်မထိုင်သေးတဲ့အကြောင်းတွေ

နိုးထမြဲအလွမ်းများ

....

မိုးနဲ့အတူပဲ

ဝင်ရောက်ခဲ့ဖို့မဖိတ်ခေါ်ဘဲ ၀င်လာပြီး

ရင်ခွင်ထဲမှာ

ကြင်နာခြင်းများ အမြစ်တွယ်

တစ်ဦးနဲ့တစ်ဦးကြား

သံယောဇဉ်ကြိုးများ

ရစ်ပတ်ခဲ့ပြီးမှ တားဆီးမရပါ

ဝသန်ရယ် မိုးများတိတ်ချိန်

တစ်ခန်းရပ်သွား

....

မိုးစက်များရွာလေတိုင်း

မင်းလေးများပြန်လာမလား

မျှော်လင့်ခြင်းရဲ့မိုးတိမ်များ

အုံ့မှိုင်းဆဲပေါ့ငါ့ရင်မှာ

သုံးမိုးမက ကျော်လွန်သွား

လတ်ဆတ်ဆဲဒဏ်ရာများ

ရွာတဲ့မိုးကတိတ်ပေမယ့်

ရင်ထဲအလွမ်းမိုးများ သည်းဆဲပေါ့

.....

မိုးနဲ့အတူပဲ

ဝင်ရောက်ခဲ့ဖို့မဖိတ်ခေါ်ဘဲ ၀င်လာပြီး

ရင်ခွင်ထဲမှာ

ကြင်နာခြင်းများ အမြစ်တွယ်

တစ်ဦးနဲ့တစ်ဦးကြား

သံယောဇဉ်ကြိုးများ

ရစ်ပတ်ခဲ့ပြီးမှ တားဆီးမရပါ

ဝသန်ရယ် မိုးများတိတ်ချိန်

တစ်ခန်းရပ်သွား

.....

မိုးစက်များရွာလေတိုင်း

မင်းလေးများပြန်လာမလား

မျှော်လင့်ခြင်းရဲ့မိုးတိမ်များ

အုံ့မှိုင်းဆဲပေါ့ငါ့ရင်မှာ

သုံးမိုးမက ကျော်လွန်သွား

လတ်ဆတ်ဆဲဒဏ်ရာများ

ရွာတဲ့မိုးကတိတ်ပေမယ့်

ရင်ထဲအလွမ်းမိုးများ ရွာဆဲပါ

ဘယ်နားရှောင်ပုန်းလို့ပြေး

မင်းလေးကိုတမ်းတလို့

အလွမ်းတွေရွာခဲ့ပါ

ခြေရာများကိုဖျောက်တဲ့မိုးရေ

မိုးစဲလည်းငါ အလွမ်းများသည်းနေတုန်း

solo

မိုးစက်များရွာလေတိုင်း

မင်းလေးများပြန်လာမလား

မျှော်လင့်ခြင်းရဲ့မိုးတိမ်များ

အုံ့မှိုင်းဆဲပေါ့ငါ့ရင်မှာ

သုံးမိုးမက ကျော်လွန်သွား

လတ်ဆတ်ဆဲဒဏ်ရာများ

ရွာတဲ့မိုးကတိတ်ပေမယ့်

ရင်ထဲအလွမ်းရဲ့မိုးစက်များ

အလွမ်းမိုးများ

မိုးစက်များ ဟေး.....

Lebih Daripada မျိုးကြီး Myo Gyi

Lihat semualogo