နောက်ဆုံးတွေ့ဆုံခြင်း
နောက်ဆုံးနေ့ရက်များ
နောက်ထက်မရတော့ဘူး
ငါတို့ ဝေးသွားကြပြီပဲ
ဟိုတချိန်အရင်တုန်းက
ငါလိုချင်တဲ့ဘဝ
တွေးရင်းနဲ့ဆွေး
----------------
ငါချစ်ခဲ့လေသမျ
ငါ့ကိုချည်သောကြိုး
ဖြတ်ဖို့ခက်နေလဲ
ငါကြိတ်မှိတ်ခံစားဦး
ကံကြမ္မာရဲ့ဓါးအောက်
ကိုယ်တိုင်လည်စင်းပေး
ငါ့ကိုဘယ်သူမြင်သလဲ
-----------------
ပျော်ရွင်မှုများ ကျန်ခဲ့သူ
တွေဝေကြည့်နေချိန်မှာ
ကြွေလွင့်ပြီးသွား
မကြာခင်ခဏလေး
အတွင်းမှာပျောက်သလိုမျိုး
ရှေ့ဆက်ပြီး ရှေ့ဆက်ပြီး
တို့ နှစ်ယောက်ဘဝ
ဆက်ရန်မရှိ
ရှေ့ဆက်ပြီး အိုး..ရှေ့ဆက်ပြီး
ငါတယောက်တည်းပဲရွက်လွင့်ခဲ့
လေပြေနှင်ရာကိုလွင့်မယ့်လမ်း
လေနှင်ရာကိုသွားမယ်
ငါဟာချစ်မိအပြစ်ရှိလို့
မင်းမရှိတဲ့ခရီး
အဆုံးမရှိတဲ့လမ်း
မင်းနဲ့ပတ်သတ်တဲ့
သီချင်းတပုဒ်ညည်းရင်းနဲ့
ဆက်လျောက်နေဆဲ
----------------
အချစ်ရဲ့နုတ်ဆက်အနမ်းလေး
အဝေးကြီးဝေးတဲ့အထိ
နွေးထွေးတုန်းရှိသေးတယ်
မှတ်ဥာဏ်ထဲဝင်ရောက်စူးနစ်
ဟိုတချိန်အရင်တုန်းက
စွဲလမ်းခြင်းများငါ့ကို
အသက်နုတ်ယူမလား
-----------------
ပျော်ရွင်မှုများ ကျန်ခဲ့သူ
တွေဝေကြည့်နေချိန်မှာ
ကြွေလွင့်ပြီးသွား
မကြာခင်ခဏလေး
အတွင်းမှာပျောက်သလိုမျိုး
ရှေ့ဆက်ပြီး ရှေ့ဆက်ပြီး
တို့ နှစ်ယောက်ဘ၀ ဆက်ရန်မရှိ
ရှေ့ဆက်ပြီး အို..ရှေ့ဆက်ပြီး
ငါတယောက်တည်းပဲရွက်လွင့်ခဲ့
လေပြေနှင်ရာကိုလွင့်မယ့်လမ်း
ဒီရှေ့ဆက်ပြီး
-----------------
ငါလွင့်ရတော့မှာပဲအချစ်လေး
ငါ့ဘ၀ဘယ်လဲ
ရူးလောက်တဲ့အတိတ်ကို ထားရစ်လို့ ပြေး
စွန့်လွတ်တဲ့ချစ်ခြင်းဖြစ်ခဲ့တော့
ဒီခဏလေးအတွင်းမှာ
လွင့်ပျောက်သလိုမျိုး
ရှေ့ဆက်ပြီး ရှေ့ဆက်ပြီး
ပြန်ဆုံရန် ဆက်ရန်မရှိ
ရှေ့ဆက်ပြီး အိုး ..ရှေ့ဆက်ပြီး
ငါတယောက်တည်းပဲဖြစ်သလိုပဲ
ဘ၀ကိုရွက်လွင့်နေခဲ့..အိုး..၀ိုး..
တယောက်တည်းပဲအချစ်ရေ
လေနှင်ခဲ့ပြီ
ပြန်ဆုံဖို့မရှိဘူး
လေနှင်ရာဘက်လွင့်ပါလို့