menu-iconlogo
huatong
huatong
avatar

အရိပ်ပမာမခွဲခွာ

ရန်အောင်/ပိုးအိစံhuatong
night_inagehuatong
Lirik
Rakaman
အရိပ်ပမာမခွဲခွာ

ရန်အောင် ၊ ပိုးအိစံ

တေးရေး မောင်တည်ငြိမ်

နေရိပ်ထဲမှာ နေရပါမှ

စိန်စီလမ်းမှာ လျှောက်လှမ်းရပါမှ

ပန်းမွေ့ရာပေါ်မှာ စံစားရပါမှ

မောင်နဲ့အတူနေမယ့်သူ မဟုတ်ရပါမောင်ရယ်

နေရိပ်ထဲမှာ နေရပါမှ

စိန်စီလမ်းမှာ လျှောက်လှမ်းရပါမှ

ပန်းမွေ့ရာပေါ်မှာ စံစားရပါမှ

မေနဲ့အတူနေမယ့်သူ မဟုတ်ရပါမေရယ်

နေပူထဲလည်း နေရဲပါတယ်

ခရောင်းလမ်းကိုလည်း ဖြတ်ရဲပါတယ်

ဆူးမွေ့ရာလည်း အိပ်ရဲပါတယ်

အသာစံလည်းအတူ အနာခံလည်းအတူ

အေးအတူပူအမျှ မငြူစူဘဝနေပြပါမယ်

အားနွဲ့တယ်ရယ်လို့ မထားခဲ့နဲ့မောင်ရယ်

အချစ်အတွက်ဆိုရင် စွန့်စားရဲတဲ့

ခွန်အားအသည်း မောင့်လိုပဲရှိပါတယ်

ဪချစ်တာအမှန်သိအောင် အနစ်နာခံစရာရှိတောင်

မကြောက်မရွံ့နောက်မတွန့် ရှေ့ကနေရဲပါတယ်

ဖြစ်ရာဘဝမှာ မေတ္တာပဓာနနဲ့

ချစ်ကမ္ဘာအလှလို့ ထင်မှတ်နေမယ်မောင်ရယ်

နေပူထဲလည်း နေရဲပါတယ်

ခရောင်းလမ်းကိုလည်း ဖြတ်ရဲပါတယ်

ဆူးမွေ့ရာလည်း အိပ်ရဲပါတယ်

အသာစံလည်းအတူ အနာခံလည်းအတူ

အေးအတူပူအမျှ မငြူစူဘဝနေပြပါမယ်

အားနွဲ့တယ်ရယ်လို့ မထားခဲ့နဲ့မောင်ရယ်

အချစ်အတွက်ဆိုရင် စွန့်စားရဲတဲ့

ခွန်အားအသည်း မောင့်လိုပဲရှိပါတယ်

ဪချစ်တာအမှန်သိအောင် အနစ်နာခံစရာရှိတောင်

မကြောက်မရွံ့နောက်မတွန့် ရှေ့ကနေရဲပါတယ်

ဖြစ်ရာဘဝမှာ မေတ္တာပဓာနနဲ့

ချစ်ကမ္ဘာအလှလို့ ထင်မှတ်နေမယ်မောင်ရယ်

နေပူထဲလည်း နေရဲပါတယ်

ခရောင်းလမ်းကိုလည်း ဖြတ်ရဲပါတယ်

ဆူးမွေ့ရာလည်း အိပ်ရဲပါတယ်

အသာစံလည်းအတူ အနာခံလည်းအတူ

အေးအတူပူအမျှ မငြူစူဘဝနေပြပါမယ်

Lebih Daripada ရန်အောင်/ပိုးအိစံ

Lihat semualogo
အရိပ်ပမာမခွဲခွာ oleh ရန်အောင်/ပိုးအိစံ - Lirik dan Liputan