menu-iconlogo
huatong
huatong
Lirik
Rakaman
မိုး

ရာဇာဝင်းတင့်

ဝသာန်ခါမှီ.. လရာသီ ပြာရီရစ်ဝိုင်း..

မှိုင်းလဲ့လဲ့ ဆိုင်းနွဲ့နွဲ့

သိုင်းဖွဲ့လို့ဟန်ချီ....

မင်းလွင်ဆီ.. အညိုရောင်မှောင်ခိုး

မိုးလအခါမှီ ဖြိုးဖြိုးလျလျ စွေလှသည်...

ဝသာန်ခါမှီ..လရာသီ ပြာရီရစ်ဝိုင်း..

မှိုင်းလဲ့လဲ့ ဆိုင်းနွဲ့နွဲ့

သိုင်းဖွဲ့လို့ဟန်ချီ....

မင်းလွင်ဆီ ...အညိုရောင်မှောင်ခိုး

မိုးလအခါမှီ ဖြိုးဖြိုးလျလျ စွေလှသည်...

ဂျိုးဂျိန့်သံ မာန်တင်းကာပ

အသူရာသိကြားမင်းက စစ်ခင်းကာ

ပြိုင်ကြသည်

ဂျိုးဂျိန့်သံ မာန်တင်းကာပ

အသူရာသိကြားမင်းက စစ်ခင်းကာ

ပြိုင်ကြသည်

စိတ်မကျေနိုင် အနိုင်လုတော့

အေးလှပါသည် ထွေးစရာ့ဗလာအတည်

ဆွေး ဆွေး ဆွေးရတာရှည်

ဇာဂဏီဗွေဆိုင် ဖြေနိုင်ပါပဲ မလုံ့တလုံ

ခြုံလွှာမွဲလို့ မစုံဖော်ကွဲ

အသည်းကြွေလုပြီ

သြော် ဘယ်ခါမှ အတူတကွနေရပါ့မည်

နွေးစရာ့အတည် ဆွေမဒါလီ

ဝေး..ဝေးရပြီ..

လိုက်တော်မူသင့်ပါရဲ့ အခွင့်ကို မျော်..

လိုက်တော်မူသင့်ပါရဲ့. အခွင့်ကို မျော်..

လိုက်တော်မူသင့်ပါရဲ့အခွင့်ကို မျော်..

မသင့်တော်သလိုပ တစ်မေ့ခင်လွဲ

မသင့်တော် မသင့်တော်သလိုပ

တစ်မေ့ခင်လွဲ....

ရွှေရင်ထဲမှာဖြင့်ကွဲလုပြီ...စွဲသူ့မျက်ရည်

.စွဲသူရဲ့မျက်ရည် သြော်ရက်ရှည်ရှည်

ဆွေးတယ်လေး....သွေးကဲ့သို့နီ...

ပဇ္ဇုန်ရယ် အမ္ဗုန်ရင့်ကျူးး မြူးခဲ့ပြီ

လေဦးမိုးသက်ရှည် တရွေ့ရွေ့နဲ့

မိုးငွေ့လေချီ ငွေချီငွေပန်းတန်းကာကျသည်

ဆန်းစွာလှသည်လွမ်းတာကရှည် ပန်းလျငွေရည်

မှန်းဆလို့ပဲ ဖြေမဆည်နိုင်တော့ပြီ......

Lebih Daripada ရာဇာဝင်းတင့်

Lihat semualogo
မိုး oleh ရာဇာဝင်းတင့် - Lirik dan Liputan