menu-iconlogo
huatong
huatong
avatar

စိတ္တဇဆေးရုံ

ရွှေထူhuatong
stacibradyhuatong
Lirik
Rakaman
သီချင်း : စိတ္တဇဆေးရုံ

တေးဆို : ရွေထူး

မနေ့ကသေဆုံးသွားတဲ့

စိတ်ဓာတ်တွေက

ဒီနေ့ငါ အသက်ရှင်ဖို့အတွက်

အဓိကလိုအပ်တာ

မနက်ဖြန်ဆိုတာ ထိတွေ့နိုင်ဖို့မလွယ်

ယုံကြည်ချက်လေး အနားကထွက်ခွာ

သူသွားတဲ့ လမ်းတလျှောက်မှာ

ခလုတ်မထိ ဆူးမညိပါစေနဲ့

နှလုံးသားက ကျတဲ့သွေးနဲ့

ကတီပါလမ်း ခင်းပေးချင်တယ်

ငါ့ကိုယ်စောင့်နတ်လေး

နင့်အနားမှာ စောင့်ရှောက်ဖို့

လက်ဆောင်ပေးလိုက်တယ်နော်...

သူပြန်လာပါစေလို့ ဆုတောင်းနေလည်း

အစက အလွမ်းတွေကို

အဖော်ပြုပီး ငါတယောက်တည်း

နာကျင်သမျှ အရည်ဖျော်ပစ်

ဒဏ်ရာများ စိမ်ခေါ်ရင်း

အရူးတယောက်လိုပဲ ငါ့အခန်းထဲ

မင်းရယ်သံများနဲ့...

တချိန်က အဆိပ်ဖြစ်နေမယ်

ဆိုတာသိခဲ့ရင်တောင်

အမြတ်တနိုးနဲ့ ထွေးဖက်ထားမယ်

တကယ်ပါ အိပ်မက်မက်တာ

လန့်နိုးသွားခဲ့သလို

လက်တွေ့မရှိတော့လည်း

ငါတန်ဖိုးထားတဲ့ ငါ့ရဲ့

အိပ်မက်လေးတွေ

ညတိုင်းဆက်မက်ချင်ခဲ့

စိတ္တဇရင်ကွဲ..... ဟေး...ရေး

အတူတူရှိခဲ့သလိုပဲ အခုလည်း

ငါ့ဘေးနား မင်းရှိနေတယ်ဆိုတဲ့အသိနဲ့

အကြင်နာစကားတွေပြောနေတုန်း

ပုံရိပ်များလိုလွှင့်ပျောက်ဆုံး

နံရံတွေကြားမှာ လိုက်ရှာဦး

ငါ့အသဲတွေ မှိုတက်ခဲ့

ပျော်စရာတွေ ကုန်သွားတဲ့

ပီကေလေး ထွေးဖို့ဝန်လေးတယ်

မျိုချပစ်ခဲ့ ဉာဏ်ကနည်း

အသက်ပါရန်တွေးတယ်

ဒီလိုပဲ...

အမြဲ...

အသဲ...

ကွဲ...

သူခေါ်နေတယ် တနေရာရာမှာ

နာကျင်စရာတွေနဲ့ ကြုံပီ...

ငါငိုချင်ပေမယ့်လည်း

ပြုံးထားနိုင်စမြဲ မျက်ရည်စို

တခါတလေ ဟားတိုက်ပီး

အရာရာ ဥပက္ခာပြု

ဝေဒနာတွေ အရောင်တင်ပီး

သေနိုင်မလား အဖြေရှာကြည့်

အရူးတယောက်လိုပဲ ငါ့အခန်းထဲ

မင်းရယ်သံများနဲ့...

တချိန်က အဆိပ်ဖြစ်မယ်

ဆိုတာသိခဲ့ရင်တောင်

အမြတ်တနိုးနဲ့ ထွေးဖက်ထားမယ်

တကယ်ပါ အိပ်မက်မက်တာ

လန့်နိုးသွားခဲ့သလို

လက်တွေ့မရှိတော့လည်း

ငါတန်ဖိုးထားတဲ့ ငါ့ရဲ့

အိပ်မက်လေးတွေ ညတိုင်းဆက်မက်ချင်ခဲ့

စိတ္တဇရင်ကွဲ..... ဟေး...ရေး

Lebih Daripada ရွှေထူ

Lihat semualogo
စိတ္တဇဆေးရုံ oleh ရွှေထူ - Lirik dan Liputan