menu-iconlogo
huatong
huatong
--cover-image

လွမ်းနေဦးမယ်

ဝိုင်ဝိုင်းhuatong
lesliemendes8huatong
Lirik
Rakaman
လွမ်းနေဦးမယ်

အိပ်လို့မရတဲ့ညတစ်ခုလုံး

ငါတစ်လည်လည်အတိတ်မှာ..

ကိုယ်ရောက်နေရာအရပ်ကနေ

အတွေးနောက်သို့ပြန်လှည့်..

မင်းမျက်ဝန်းလေး မမေ့နိုင်ဘူး

အချိန်အတော်ကြာခဲ့တောင်..

ရင်လှိုက်ခုန်အောင်အပြုံးလေးတွေ

ငါမှတ်မိသေးတယ်..

ပိုင်းခြားတတ်တဲ့ အသိဥာဏ်နဲ့

မဆင်ခြင်နိုင်တဲ့အရွယ်..

အချစ်ပဲထာဝစဥ်အရေးကြီးသလို

တို့စိတ်က ထင်ခဲ့..

အချစ်ထက်အရေးကြီးတဲ့အရာများ

ငါမမြင်နိုင်ခဲ့ပါ..

စိတ်ကူးယဉ်စရာအားလုံးဟာ

လေထဲမှာလွင့်ပြယ်..

မနက်ဖြန်ဆိုတာ ရှိနေသေးသမျှ

ချစ်ခွင့်ရှိသေးတယ်

တစ်ကယ်တမ်းပိုင်ဆိုင်မဲ့နေ့ကို

မမျှော်လင့်သောသူ

မင်းလေး ဘယ်ရင်ထဲမှာ နေနေ

ခွင့်လွှတ်နေမဲ့လူ

ငါ့ရဲ့အချစ်စိတ်ကတော့

အရာရာမှာအရင်လိုပဲ...

အချစ်ကလွဲပြီး ထပ်မလိုဘူး

ငါဒီဘဝကြီးမှာ..

ကျန်တဲ့အရာတွေအားလုံးကို

မင်းဖျက်ပစ်နိုင်တယ်..

မင်းနဲ့ပတ်သက်ခဲ့လေတဲ့

ဟိုအရင်အတိတ်ကို..

ဒီအတိုင်းသယ်ဆောင်သွားပါရစေ

ငါလွမ်းနေအုံးမယ်..

ပိုင်းခြားတတ်တဲ့ အသိဉာဏ်နဲ့

မဆင်ခြင်နိုင်တဲ့အရွယ်..

အချစ်ပဲထာဝစဥ်အရေးကြီးသလို

တို့စိတ်က ထင်ခဲ့..

အချစ်ထက်အရေးကြီးတဲ့အရာများ

ငါမမြင်နိုင်ခဲ့ပါ..

စိတ်ကူးယဉ်စရာအားလုံးဟာ

လေထဲမှာလွင့်ပြယ်..

မနက်ဖြန်ဆိုတာ ရှိနေသေးသမျှ

ချစ်ခွင့်ရှိသေးတယ်

တစ်ကယ်တမ်းပိုင်ဆိုင်မဲ့နေ့ကို

မမျှော်လင့်သောသူ

မင်းလေး ဘယ်ရင်ထဲမှာ နေနေ

စွန့်လွှတ်နေမဲ့လူ

ငါ့ရဲ့အချစ်စိတ်ကတော့

အရာရာမှာအရင်လိုပဲ...

အချစ်ကလွဲပြီး ထပ်မလိုဘူး

ငါဒီဘဝကြီးမှာ..

ကျန်တဲ့အရာတွေအားလုံးကို

မင်းဖျက်ပစ်နိုင်တယ်..

မင်းနဲ့ပတ်သက်ခဲ့လေတဲ့

ဟိုအရင်အတိတ်ကို..

ဒီအတိုင်းသယ်ဆောင်သွားပါရစေ

ငါလွမ်းနေအုံးမယ်..

ဒီအတိုင်းသယ်ဆောင်သွားပါရစေ

ငါလွမ်းနေအုံးမယ်..

Lebih Daripada ဝိုင်ဝိုင်း

Lihat semualogo