ခေတ်သစ်ခုနှစ်ထွေ
ရေး - ဂီတစာဆို မောင်ကြေးမုံ
တေးဆို - သူဇာအောင်
NO 1
သြော်.အတောင်နှစ်ဆယ်
ဝတ်ကြီးတွေရဲ့
ခေတ်သစ် ခုနှစ်ထွေ ...
ယောက်ျားတွေ အကြောင်း
ပြောမယ် နားသာ ထောင် ..
NO 2
အစကတည်းက ယဉ်သကို
ဆိုရမလိုလို ပြောရမလိုလို
စကားမတည်ပေါင်
ငါးနှစ်ကောင် ဖမ်းချင်တဲ့
ယောက်ျားမျိုးကို ရှောင်
လော်မာအသည်း
အပျော်ညှာချွဲ
ဇော်ပါဘဲ •
ဇော်ယောင် ဂျီယောင်
ဇော်ယောင် ဂျီယောင်
ပိုးလိုက်တဲ့မောင်
ပန်းလိုက်တဲ့မောင်
ဇော်ယောင်ဂျီယောင်
ဇော်ယောင်ဂျီယောင်
ပိုးလိုက်တဲ့မောင်
ပန်းလိုက်တဲ့မောင်
အပျိုဆို မရှောင်ငေး
ဝေးဝေးက
ကြည့်လို့သာရှောင်
အပျိုဆို မရှောင်ငေး ..
ဝေးဝေးက
ကြည့်လို့သာရှောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို .
မလွယ်ဘူး .. မောင် ..
No1
တစ်ချို့ ကြတော့လဲ ..
ကြည့်ပုံကဲ
သဲမယောင်ယောင်
ဂမ္ဘာန်ယက္ခ
တာနောဘီလူးထက်
ဆိုးမယ့် အရိပ်အယောင်
ဆန်းပြားဦးမယ့်
အရိပ်အယောင်
ကြည့်ပုံတကယ်ရဲ
စားမယောင် ၀ါးမယောင်
သူ့မျက်နှာ ဘီလူးထက်ပိုကဲ
အသည်းယားစရာ
လူပုံထဲမရှောင်
ကြည့်ပုံတကယ်ရဲ
စားမယောင် ၀ါးမယောင်
သူ့မျက်နှာ ဘီလူးထက်ပိုကဲ
အသည်းယားစရာ
လူပုံထဲမရှောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို .
မလွယ်ဘူး .. မောင် ..
NO 2
ကျားဆိုရင်ရှောင်
စကားအပိုမထွင်ပေါင်
အမှားကိုမြင်အောင်
ပြောလိုက်ဦးမယ်
မိန်းမသားတွေ နားထောင်
ဟိုအပင်ဒီအပင်ကူးတဲ့
ယောက်ျားမျိုးလဲ
မရှားပေါင် ဝေးဝေးရှောင်
ဟိုအပင် ဒီအပင်ကူးပါလို့
ရီးစားတွေက တစ်ထောင်
နှစ်ထောင်
ဟိုအပင် ဒီအပင်ကူးပါလို့
ရီးစားတွေက တစ်ထောင်
နှစ်ထောင်
ဟိုအပင် ဒီအပင်ကူးပါလို့
ရီးစားတွေက တစ်ထောင်
နှစ်ထောင်
ဟိုအပင် ဒီအပင်ကူးပါလို့
ရီးစားတွေက တစ်ထောင်
နှစ်ထောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို .
မလွယ်ဘူး .. မောင် ..
NO 1
အိနြေ္ဒ .. သံ ပတ္တိရယ်နဲ့
ဆန်းတတ်ပါဘိ
ကိုကိုမောင်မောင်
အိနြေ္ဒကြီးနဲ့ မျက်လွှာချကာ
ရှက်သယောင်ယောင်
ရွံ့သယောင်ယောင်
အဟုတ်မမှတ်နဲ့မောင်
သရုပ်ဇာတ်ဖွဲ့ဆောင်
အော် မခုတ်တတ်တဲ့ကြောင်
ရှင်လိန်ပြန်ကြီးလားလို့
မှတ်ထင်ရလောက်အောင်
တကယ်ပဲ ဟန်မဆောင်
တုံးလွန်းလို့ မယုံလေနဲ့မောင်
မာယာကို ချစ်တမ်းကစားလို့
မှတ်မိမယ် ဓါတ်သိဟန်ဆောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို .
မလွယ်ဘူး .. မောင် ..
NO 2
အိမ်ဦးနတ်လို
ယောကျာ်းမျိုးကိုတော့
ရိုးကျိုးမယ် မကြံနဲ့
ရို .. ကျိုး .. မယ်မကြံနဲ့
နေရာတကာပဲ
အနိုင်ယူဦးဆောင်
အိမ်သူ မယားကို
လားလားမှတောင်
အရေးမလုပ်တတ်ပေါင်
ချိုချဉ်သကာပွဲ
တာဝန်မပျက်ပေါင်
ကိုယ်တော်ချောကိုကျွေးလို့သာ
ကြောက်ရသတဲ့ မောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို .
မလွယ်ဘူး .. မောင် ..
NO 1
တစ်ချို့များကျတော့
အားမနေရပေါင်
နားရည်ဝအောင်
စကားတွေက ဖောင်
သြော် အကြွားတွေက
ဆောင်
အတိတ်များ ပြေးမြင်ရရင်
ပဋိတ္ခရားလေး
တင်စားထင်မှားသယောင်
တီတီတာတာ ချစ်ခွန်းဆင့်
စကားတွေလဲ အဖောင်ဖောင်
ငွေကုန်သံပြာ
ပဋိတ္ခရားလေးများ
ဝင်စား သယောင်ယောင်
ဘာဘာညာညာ
စကားတွေသူရှာကာ
တကယ်ပဲ အသည်းချွဲ
ညာမဆုံးပေါင်
ချစ်ခွန်းတင့်လဲ မဆုံးပေါင်
NO 2
တီတီတာတာ ချစ်ခွန်းဆင့်
စကားတွေလဲ
အဖောင်ဖောင်
ငွေကုန်သံပြာ
ပဋိတ္ခရားလေးများ
ဝင်စား သယောင်ယောင်
ဘာဘာညာညာ
စကားတွေသူရှာကာ
တကယ်ပဲ အသည်းချွဲ
ညာမဆုံးပေါင်
ချစ်ခွန်းတင့်လဲ မဆုံးပေါင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို .
မလွယ်ဘူး .. မောင် ..
ပြီးပါပြီ