အချစ်ရေးအချစ်ရာမှာ အသက်အရွယ်မလိုပါ
မောင်ပြောဖူးတဲ့ စကားလေးတွေကြောင့်
မ တစ်ယောက် ရင်ခုန်တာပါ
ချစ်တတ်အောင် သင်ပေးခဲ့တာ
လွမ်းတတ်အောင် မင်းပဲ သင်ခဲ့တာ
အချစ်ရေးအချစ်ရာမှာ အသက်အရွယ်မလိုပါ
မောင်ပြောဖူးတဲ့ စကားလေးတွေကြောင့်
မ တစ်ယောက် ရင်ခုန်တာပါ
ချစ်တတ်အောင် သင်ပေးခဲ့တာ
လွမ်းတတ်အောင် မင်းပဲ သင်ခဲ့တာ
မောင်က မျက်နှာများတယ်
ရည်းစားတွေလည်း ထည်လဲတွဲတယ်
အချစ်သူဌေးကြီးရယ်...
မ က ဘယ်နေရာမှာလဲ မောင့်ရဲ့ရင်ထဲ
နေရာရှိသေးရဲ့လားကွယ်....
မောင်ပြောသမျှစကားတွေကို ယုံစားမိတာ
မ တစ်ယောက်ကံဆိုးတယ်
တစ်ယောက်တည်းချစ်ချင်ပါတယ်
သစ္စာမေတ္တာ ထားပါမောင်ရယ်....
မကြင်နာလို့ မုန်းမယ်ဆိုရင်
မ က နောက်ဆုတ်ပေးမယ်
မောင်ပျော်နိုင်ဖို့အတွက်ဆို
မ အသည်းကို ခွဲလို့ယူတော့ကွယ်...
အချစ်ရေးအချစ်ရာမှာ အသက်အရွယ်မလိုပါ
မောင်ပြောဖူးတဲ့ စကားလေးတွေကြောင့်
မ တစ်ယောက် ရင်ခုန်တာပါ
ချစ်တတ်အောင် သင်ပေးခဲ့တာ
လွမ်းတတ်အောင် မင်းပဲ သင်ခဲ့တာ
မောင်ကမျက်နှာများတယ်
ရည်းစားတွေလည်း ထည်လဲတွဲတယ်
အချစ်သူဌေးကြီးရယ်....
မ က ဘယ်နေရာမှာလဲ မောင့်ရဲ့ရင်ထဲ
နေရာရှိသေးရဲ့လားကွယ်....
မောင်ပြောသမျှစကားတွေကို
ယုံစားမိတာ မ တစ်ယောက်ကံဆိုးတယ်
တစ်ယောက်တည်းချစ်ချင်ပါတယ်
သစ္စာမေတ္တာ ထားပါမောင်ရယ်....
မကြင်နာလို့ မုန်းမယ်ဆိုရင်
မ က နောက်ဆုတ်ပေးမယ်
မောင်ပျော်နိုင်ဖို့အတွက်ဆို
မ အသည်းကို ခွဲလို့ယူတော့ကွယ်...
တစ်ယောက်တည်းချစ်ချင်ပါတယ်
သစ္စာမေတ္တာ ထားပါမောင်ရယ်....
မကြင်နာလို့ မုန်းမယ်ဆိုရင်
မ က နောက်ဆုတ်ပေးမယ်
မောင်ပျော်နိုင်ဖို့အတွက်ဆို
မ အသည်းကို ခွဲလို့ယူတော့ကွယ်...