menu-iconlogo
huatong
huatong
avatar

မငြိုငြင်ပါဘူး (Uni)

အာဇာနည်huatong
ThuggyKo8huatong
Lirik
Rakaman
မငြိုငြင်ပါဘူး

အာဇာနည်

ဒဏ်ရာတွေ မကြေငြာပါဘူး

ဝေဒနာတွေ ပြောမပြပါဘူး

ကျေနပ်လို့ဖြစ်ခဲ့တာပဲ

နင့်ဘက်က အပြစ်မဟုတ်ပါဘူး

နေသာသလို နေနိုင်ပါတယ်

အရင်အချိန်တွေ သတိမရပါနဲ့

ကျေနပ်လို့ ချစ်ခဲ့တာပဲ

ကိုယ့်အတွက်နဲ့ စိတ်မညစ်ပါနဲ့

.

တကယ်ဆို ဖြစ်ချင်တဲ့အရာ ဖြစ်မလာတော့လဲ

ကံကို အ​ပြစ်ပုံချစရာ ဖြစ်နေခဲ့တယ်

မငိုဘူး အားတင်းထားတဲ့

ကိုယ်ရဲ့စိတ်တွေ ချုပ်ထိန်းမရခဲ့

မင်းနဲ့ပတ်သတ် အားလုံးမေ့ချင်တယ်

အိမ်မက်လေးလိုတွေးရင် သက်သာနိုင်တယ်

ရင်မှာ မရှိနိုင်တော့တာတော့ သိထားတယ်

တချိန်လုံး တဖက်သတ် ခွင့်လွှတ်

ကိုယ့်ရဲ့အချစ်တွေ တန်ဖိုးများမဲ့

မင်းရဲ့အပြစ်လို ပြောလည်း မပြောနိုင်ရက်

မြူတမှုန်တောင် မငြိုငြင်ပါဘူး

မှန်ပါတယ် မင်းမမှားပါဘူး

ကိုယ့်ချစ်လို့ ဖြစ်ခဲ့တာပဲ

မင်းလုံးဝ အပြစ်မရှိပါဘူး

.

တကယ်ဆို ဖြစ်ချင်တဲ့အရာ ဖြစ်မလာတော့လဲ

ကံကို အပြစ်ပုံချစရာ ဖြစ်နေခဲ့တယ်

မငိုဘူး အားတင်းထားတဲ့

ကိုယ်ရဲ့စိတ်တွေ ချုပ်ထိန်းမရခဲ့

မင်းနဲ့ပတ်သတ် အားလုံးမေ့ချင်တယ်

အိမ်မက်လေးလို တွေးရင် သက်သာနိုင်တယ်

ရင်မှာ မရှိနိုင်တော့တာတော့ သိထားတယ်

တချိန်လုံး တဖက်သတ်ခွင့်လွှတ်

ကိုယ့်ရဲ့အချစ်တွေ တန်ဖိုးများမဲ့

မင်းရဲ့အပြစ်လို ပြောလည်း မပြောနိုင်ရက်

ဒဏ်ရာတွေ မကြေငြာပါဘူး

ဝေဒနာတွေ ပြောမပြပါဘူး

ကျေနပ်လို့ဖြစ်ခဲ့တာပဲ

မင်းဘက်က အပြစ်မဟုတ်ပါဘူး

မြူတမှုန်တောင် မငြိုငြင်ပါဘူး

မှန်ပါတယ် မင်းမမှားပါဘူး

ကိုယ့်ချစ်လို့ ဖြစ်ခဲ့တာပဲ

မင်းလုံးဝ အပြစ်မရှိပါဘူး

ကျေနပ်လို့ ချစ်ခဲ့တာပဲ

မင်းဘက်က အပြစ်မဟုတ်ပါဘူး

.

Lebih Daripada အာဇာနည်

Lihat semualogo