menu-iconlogo
huatong
huatong
avatar

မြို့ကြီးသားကိုရည်းစားလုပ်တော့

အိအိချွန်huatong
vermill1onhuatong
Lirik
Rakaman
မြို့ကြီးသားကိုရည်းစားလုပ်တော့

တေးရေး ဂီတစာဆို မောင်ကြေးမုံ

တေးဆို အိအိချွန်

ဖုန်လုံးကြီးတွေ လှိုင်းလိုထတဲ့

လှည်းလမ်းကြောင်းက ရိုးသားတယ်

ရွှေကော်ဇောလို

မောင်တို့မြို့က

ကတ္တရာလမ်းက

ပကာသန ဆန်တယ်

မြို့ကရောင်စုံ မိတ်ကပ်မျက်နှာ

မြို့သူချောတွေ ၀ိုင်းလို့နေတော့

ပါးကွက်ကြားမလေး တို့ကို

မေ့တာမဆန်းလှတယ်

မဆန်း..လှတယ်..

တစ်ရွာသားကို ရည်းစားလုပ်တော့

လွမ်းရခက်တယ်

လွမ်းရရုံပဲ ရှိလိမ့်မယ်..

တစ်မြို့သားကို တစ်မြို့သားကို

မြို့ကြီးသားကို ရည်းစားလုပ်မိ

ချစ်မိမှားတော့

သေမလား လွမ်းရတာ..

အသည်းကွဲရတာ

အဆန်းသမို့လား…ဟယ်..

ရွာဦးက ထုံးဖြူစေတီ

ဦး..ချဖူးလေတိုင်း

သစ္စာဆို မှားခဲ့ဖူးတာ

အခါခါဝန်ချ ကန်တော့မိနေ..

မကြင်နာ မြို့ကြီးသားရေ..

တစ်ရွာသူ

ရွှေသည်းကျွမ်းပေါ့ကွယ်...

ရင်နာတယ်..

ချောင်းရေ လျှံလို့

ကန်ရေ တိုးသလို

မျက်ရည်မိုးတွေ စွေ..

မျက်ရည်မိုးတွေ စွေ..

ရွှေကျီးညို သာလေတိုင်း

မျှော်ရင်း ရူးမိတယ်

ဆက်ရက်တွေပြို နေရီညိုမှ

ငိုမလို စိတ်အားငယ်

ဝိုင်း ၀ိုင်း မျက်ရည်လည်..၀ိုင်း..

ဝိုင်း..မျက်ရည်လည်..

ဖုန်လုံးကြီးတွေ လှိုင်းလိုထတဲ့

လှည်းလမ်းကြောင်းက ရိုးသားတယ်

ရွှေကော်ဇောလို

မောင်တို့မြို့က

ကတ္တရာလမ်းက

ပကာသန ဆန်တယ်

မြို့ကရောင်စုံ မိတ်ကပ်မျက်နှာ

မြို့သူချောတွေ ၀ိုင်းလို့နေတော့

ပါးကွက်ကြားမလေး တို့ကို

မေ့တာမဆန်းလှတယ်

မဆန်း..လှတယ်..

တစ်ရွာသားကို ရည်းစားလုပ်တော့

လွမ်းရခက်တယ်

လွမ်းရရုံပဲ ရှိလိမ့်မယ်..

တစ်မြို့သားကို တစ်မြို့သားကို

မြို့ကြီးသားကို ရည်းစားလုပ်မိ

ချစ်မိမှားတော့

သေမလား လွမ်းရတာ..

အသည်းကွဲရတာ

အဆန်းသမို့လား…ဟယ်..

ရွာဦးက ထုံးဖြူစေတီ

ဦး..ချဖူးလေတိုင်း

သစ္စာဆို မှားခဲ့ဖူးတာ

အခါခါဝန်ချ ကန်တော့မိနေ..

မကြင်နာ မြို့ကြီးသားရေ..

တစ်ရွာသူ

ရွှေသည်းကျွမ်းပေါ့ကွယ်...

ရင်နာတယ်..

ချောင်းရေ လျှံလို့

ကန်ရေ တိုးသလို

မျက်ရည်မိုးတွေ စွေ..

မျက်ရည်မိုးတွေ စွေ..

ရွှေကျီးညို သာလေတိုင်း

မျှော်ရင်း ရူးမိတယ်

ဆက်ရက်တွေပြို နေရီညိုမှ

ငိုမလို စိတ်အားငယ်

ဝိုင်း ၀ိုင်း မျက်ရည်လည်..၀ိုင်း..

ဝိုင်း..မျက်ရည်လည်…

ပြီးပါပြီ

ရွှင်လန်းချမ်းမြေ့ပါစေ

Lebih Daripada အိအိချွန်

Lihat semualogo