menu-iconlogo
huatong
huatong
avatar

နေရာတိုင်းမှာ

အေသင်ချိုဆွေhuatong
shengjin1huatong
Lirik
Rakaman
နေရာတိုင်းမှာ

အေသင်ချိုဆွေ

upload

အိုး ဟိုးဟို ဟိုး ဟို ...

ရောင်နီကိုကြိုလင့်တဲ့ ပန်းကလေးတွေ

အချစ်ဆုံးရဲ့အနံ့အသက်ကို ယူခဲ့ပြီ

နေဝင်ချိန်အိပ်တန်းတက် ငှက်ကလေးတွေ

အချစ်ဆုံးရဲ့သတင်းစကားကို ဆောင်ခဲ့ပြီ

နေခြည်တွေခြုံလွှမ်းတဲ့ မနက်ခင်းမှာ

အချစ်ဆုံးရဲ့အနွေးဓာတ်ကို ပြန်ရပြီ

လေပြည်ကလေးဆော့ကစားတဲ့ ညချမ်းမှာ

အချစ်ဆုံးရဲ့အထိအတွေ့ကို ပြန်ရပြီ

ဘယ်ဆီကိုရောက်လို့လေ ဘယ်လောက်ပဲ

ဝေးရလည်း ဘယ်တော့မှ အထီးကျန်မဆန်ခဲ့

ရင်ထဲက တမ်းတလိုက်ရုံကလေးနဲ့

ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်

လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့

အကုန်ဝိုင်းပြီး သနားကြသတဲ့ အချစ်ကလေးရယ်

ဒီကမ်ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ

ဘာတစ်ခုမှမရှိတော့တာ မသိဘူးရယ်

ဘယ်ဆီကိုရောက်လို့လေ ဘယ်လောက်ပဲ

ဝေးရလည်း ဘယ်တော့မှ အထီးကျန်မဆန်ခဲ့

ရင်ထဲက တမ်းတလိုက်ရုံကလေးနဲ့

ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်

လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့

အကုန်ဝိုင်းပြီး သနားကြသတဲ့ အချစ်ကလေးရယ်

ဒီကမ်ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ

ဘာတစ်ခုမှမရှိတော့တာ မသိဘူးရယ်

အိုး ဟိုးဟို ဟိုးဟို ...

ရောင်နီကိုကြိုလင့်တဲ့ ပန်းကလေးတွေ

အချစ်ဆုံးရဲ့အနံ့အသက်ကို ယူခဲ့ပြီ

နေဝင်ချိန်အိပ်တန်းတက် ငှက်ကလေးတွေ

အချစ်ဆုံးရဲ့သတင်းစကားကို ဆောင်ခဲ့ပြီ

Lebih Daripada အေသင်ချိုဆွေ

Lihat semualogo