ခေါ်သံ
အေးချမ်းမေ
မင်းချစ်သူ
ဟူး ... ဟူး....ဟူဟူးဟူ
နှလုံးသွေးများလည်းရပ်တန့်မလောက် ခံစားမှုတွေကိုယ်စီ
သူရယ်ကိုယ် ခွဲခဲ့ရချိန်လေး
နားထဲကမထွက်တော့တဲ့ အချစ်ဆုံးရဲ့ခေါ်သံတွေ
အာရုံမှာ မှားပြီးကြားယောင်နေ.
ဟူး ဟူး ဟူး ဟူး ဟူ
ခေါ်သံလေးများ ကြားခွင့်ရချင်သေး
ဟူး ဟူး.. ဟူး ဟူ
နှလုံးသားလေးဖွင့် နားစွင့် မိတယ်လေ...
လေထဲက မင်းအသံတွေ..
အခန်းရှေ့ကအုန်းလက်တို့ လေတိုးတဲ့ဒီအသံတွေ
ခြေသံတွေများလား စိတ်မှာတွေး...
ပြတင်းပေါက်ကမိုးစက်တို့ လာရောက်ထိမှန်သံတွေ
သူပြန်လာကာ တံခါးခေါက်သလား ထင်နေ..
ဟူး ဟူး ဟူး ဟူး ဟူ
ခေါ်သံလေးများ ကြားခွင့်ရချင်သေး
ဟူး ဟူး.. ဟူး ဟူ
နှလုံးသားလေးဖွင့် နားစွင့် မိတယ်လေ...
လေထဲက မင်းအသံလေး...
ကိုယ့်ရဲ့မျက်စိများထဲအမြဲရှိသူ
ကိုယ့်ရဲ့နွားများထဲလည်းကြားဖူးသူ
ကြင်နာသူရေ ဘယ်လိုမေ့လို့ရမှာလဲ..
စမ်းချောင်းလေးများနားထဲစီးဆင်းသလို
စွဲလမ်းရတဲ့မင်းရဲ့ အပြောများကို
ဘယ်အချိန် ဘယ်အခါ ပြန်လည် ကြားခွင့်ရမှာလဲ...
ခေါ်သံလေးများ ကြားခွင့်ရချင်သေး
ဟူး ဟူး.. ဟူးဟူ
နှလုံးသားလေးဖွင့် နားစွင့် မိတယ်လေ...
လေထဲက မင်းအသံ လေး...
လေထဲက မင်းအသံ လေး... ပြောလေ..
လေထဲက မင်းအသံ လေး...
ပြော... ဟေး...
ခေါ်သံတွေပြန်ကြားခွင့် ရချင်သေး
လေ ထဲက မင်းအသံ လေး...