menu-iconlogo
huatong
huatong
avatar

မေတ္တာမီးအိမ်

ရွှေရည်သိန်းတန်huatong
AyeKyaw(UOo)huatong
Lirik
Rakaman
မေတ္တာမီးအိမ်

ရွှေရည်သိန်းတန်

တေးရေး~တွံတေးသိန်းတန်

ညမှောင်မှောင် လမှောင်မှောင်...

ကြယ်ရောင်သော် မလင်းတဲ့

ချိန်းခဲ့ကြ ညတုန်းကပေါ့ကွယ်

မောင်တစ်ယောက်တည်း...

မြကန်သာ မြက်ခင်းနံဘေးကို

အတွေးတွေ ရင်မှာပိုက်ကာ

ဆိုက်ဆိုက် လာခဲ့မိတယ်

ချစ်သူလာသောညက ငွေလသာပါတယ်

ချစ်သူမလာသောခုည ငွေလဘယ်ကိုရောက်နေသလဲ

လမင်းဘယ်ကို ရောက်နေသလဲကွယ်

ချစ်သူမုန်းလို့ ငွေလရယ်ပုန်းနေတာလားကွယ်...

ထိုသော ခဏဝယ်

မီးအိမ်ငယ် မလင်းတစ်လှည့် လင်းတစ်လှည့်

တရွေ့ရွေ့လျှောက်သွား ပိုးစုန်းကြူးငယ်ငယ်

မီးအိမ်ကိုဆွဲ ညမှောင်မှောင်ထဲဝယ်

ချစ်သူပျောက်ကို ရှာသွားသည့်နှယ်...

ကိုယ့်အဖြစ်လည်း သည်သို့သာပဲကွယ်

ရင်မှာပျိုးထား မေတ္တာနှောင်ငင်

မီးအိမ်ဆွဲလို့ သူ့ကိုပဲရှာခဲ့မိတယ်..

ချစ်သူမလာသော ခုလိုညမျိုးမှာ

ချစ်စကား အလှတွေ

ဘယ်သူ့ထံပါး ပြောကြားရမလဲကွယ်...

ရေပြင်ကို ပြောရမလား..

ကောင်းကင်ကို ပြောရမလား..

မြေလွှာကိုပဲ ပြောရမလားလေကွယ်...

တစ်ယောက်တည်း အတွေးကကြွယ်

ချစ်သူ..မလာသော ညတစ်ညဝယ်...

ညမှောင်မှောင် လမှောင်မှောင်မို့

ချစ်သူလာသောညက

ငွေလသာပါတယ်..

ချစ်သူမလာသောခုည

ငွေလဘယ်ကိုရောက်နေသလဲ

လမင်းဘယ်ကို ရောက်နေသလဲကွယ်

ချစ်သူမုန်းလို့

ငွေလရယ် ပုန်းနေတာလားကွယ်...

ထိုသော ခဏဝယ်

မီးအိမ်ငယ်

မလင်းတစ်လှည့် လင်းတစ်လှည့်

တရွေ့ရွေ့လျှောက်သွား ပိုးစုန်းကြူးငယ်ငယ်

မီးအိမ်ကိုဆွဲ ညမှောင်မှောင်ထဲဝယ်

ချစ်သူပျောက်ကို ရှာသွားသည့်နှယ်..

ကိုယ့်အဖြစ်လည်း သည်သို့သာပဲကွယ်

ရင်မှာပျိုးထား မေတ္တာနှောင်ငင်

မီးအိမ်ဆွဲလို့ သူ့ကိုပဲရှာခဲ့မိတယ်..

ချစ်သူမလာသော ခုလိုညမျိုးမှာ

ချစ်စကား အလှတွေ

ဘယ်သူ့ထံပါး ပြောကြားရမလဲကွယ်...

ရေပြင်ကို ပြောရမလား..

ကောင်းကင်ကို ပြောရမလား..

မြေလွှာကိုပဲ ပြောရမလားလေကွယ်...

တစ်ယောက်တည်း အတွေးကကြွယ်

ချစ်သူ..မလာသော ညတစ်ညဝယ်...

ညမှောင်မှောင် လမှောင်မှောင်မို့

ချစ်သူလာသောညက

ငွေလသာပါတယ်..

ချစ်သူမလာသောခုည

ငွေလဘယ်ကို ရောက်နေသလဲ...

လမင်းဘယ်ကို ရောက်နေသလဲကွယ်

ချစ်သူမုန်းလို့

ငွေလရယ် ပုန်းနေတာလားကွယ်...

Lebih Daripada ရွှေရည်သိန်းတန်

Lihat semualogo