menu-iconlogo
huatong
huatong
avatar

အနုပညာပန်းတိုင်

ၿဖိဳးႀကီးhuatong
s_meinhuatong
Lirik
Rakaman
အနုပညာပန်းတိုင်

သီချင်းလေးတွေကို အတူတူဆိုရအောင်

မေ့ရဲ့မောင်ရယ် သံပြိုင်ဆိုကြမယ်

သံစဉ်တွေကို ပေါင်း..စုလို့

သီဆိုမယ်ဆို တေးသွားဖြစ်အောင်

မောင်ကိုယ်တိုင်သီကုံး..ပေးပါ့မယ်

နှလုံးသားရင်မှာ ကြင်နာမှုများရယ်

လှပတဲ့ကမ္ဘာလေးတစ်ခု ဖြစ်ရအောင်

မေရယ်တူတူတွဲလျှောက်လို့

ထာဝစဉ်တွယ်တာ ပြုစုရင်းနဲ့

ယုံယုံကြည်ကြည် ဆက်..လျှောက်ကြမယ်

နှလုံးသားတို့ရဲ့နား..စက်ရာ

အေးချမ်းရာ အေးအရိပ်ဟာ အနုပညာပါ

ဆက်ရမယ့် ခရီးဆုံးမှတ်တိုင်

အနုပညာ ပန်း..တိုင်ဆီ

မောင်မယ်တူစုံ လှမ်းရင်းဆက်ကြမယ်

ပန်းကလေးတွေရယ် စီရီပွင့်ဖူးလို့

ကျေးငှက်လေးတွေ ကျူးရင့်တဲ့အရပ်ဆီ

လှမ်းကြည့်လိုက်ကွယ့် တွေ့ရလိမ့်မယ်

မြင်နိုင်တယ်လေ တို့ရဲ့ပန်းတိုင်

ပျော်ပျော်ရွှင်ရွှင် သွားစို့ရောက်လုပီ

အားကိုးမိတယ် ရင်မှာမျှော်လင့်လို့

ချစ်မိခဲ့သူ တို့နှစ်ယောက်ဘဝလမ်းမှာ

ပူပင်စရာတွေ ထားရစ်ခဲ့ကွယ်

ရင်မှာအစဉ်သာ အမြဲတမ်းချစ်မယ်

မေရယ်မောင်ရယ် လှမ်းရင်းဆက်ကြမယ်

နှလုံးသားတို့ရဲ့ နား..စက်ရာ

ငြိမ်းချမ်းရာ အေးအရိပ်ဟာ အနုပညာပါ

ဆက်ရမယ့် ခရီးဆုံးမှတ်တိုင်

အနုပညာ ပန်း..တိုင်ဆီ

မောင်မယ်တူစုံ လှမ်းရင်း ဆက်ကြမယ်

မေရယ်မောင်ရယ် လှမ်းရင်းဆက်ကြမယ်

တူစုံမောင်မယ် လှမ်းရင်း ဆက်ကြမယ်

မေရယ်မောင်ရယ် လှမ်းရင်းဆက်ကြမယ်

တူစုံမောင်မယ် လှမ်းရင်း ဆက်ကြမယ်

မေရယ်မောင်ရယ် လှမ်းရင်ဆက်ကြမယ်

Lebih Daripada ၿဖိဳးႀကီး

Lihat semualogo