menu-iconlogo
huatong
huatong
adjustor-plastic-cover-image

Plastic

Adjustorhuatong
Dimuat naik oleh pamdelahunt
သီချင်း : Plastic

တေးဆို : Adjustor

မင်းဟာ သိပ်ပွင့်လင်းတယ်လို့

ဖြည့်တွေးပေးလိုက်မယ်

ငါလိုချင်တဲ့နင့်အချစ်ကို

ခဏလေးအတွင်းမှာ ခူးဆွတ်နိုင်ခဲ့တယ်

နင်ဟာတခြားသောပုရိသတွေကိုလဲ

မျှော်လင့်ချက်တွေ ပေးတယ်

ဘာမှမငြင်းဆန်ခဲ့ဖူးကွယ်

ကိုယ် စဉ်းစားရခက်တယ်

Plastic လက်စွပ်လေးရယ်

ငါဆင်မြန်းချင်လွန်းလို့ခက်နေတယ်

မင်းကိုမြတ်နိုးလို့တွယ်တာနေရတာ ဝဋ်ကြွေးလား

ကောင်မလေးရယ် ဆန်းကြယ်သောအရာများဟာ

ဘဝမှာဖြစ်တတ်လွန်းတော့လည်း ရင်နာတယ်

Plastic အသဲနှလုံးပိုင်ရှင်လေးရယ်

နင်ဟာ plastic အသဲနှလုံး

မင်း ပျံသန်းနိုင်ဖို့ ကမ္ဘာမြေရဲ့ဆွဲအားကိုဖယ်ပေးမယ်

ကြယ်တွေကို ခူးကာ

စိန်နားကပ်လေးသဖွယ်မင်းရဲ့နားမှာ ပန်ပေးမယ်

ငါအပေါ်သစ္စာရှိပေးပါနော် တောင်းပန်တယ်

မင်းရဲ့တန်ဖိုးကို မင်းနားလည်

မာယာများတဲ့လောက အလယ်

နင်ခြေလှမ်းတွေ မှားနေမယ်

ညတွေလဲအတော်နက်ခဲ့ပြီ

အိမ်ကိုပြန်တော့ကွယ် ထပ်ပြီးအပေါစားမဆန်နဲ့တော့ကွယ်

ကိုယ်အကောင်းဆုံးမျှော်လင့်မယ်

Plastic လက်စွပ်လေးရယ်

ငါဆင်မြန်းချင်လွန်းလို့ခက်နေတယ်

မင်းကိုမြတ်နိုးလို့တွယ်တာနေရတာ ဝဋ်ကြွေးလား

ကောင်မလေးရယ် ဆန်းကြယ်သောအရာများဟာ

ဘဝမှာဖြစ်တတ်လွန်းတော့လည်း ရင်နာတယ်

Plastic အသဲနှလုံးပိုင်ရှင်လေးရယ်

နင်ဟာ plastic အသဲနှလုံးနဲ့

နင်ဟာ plasticအသဲနှလုံးပိုင်ရှင်လေးပဲ huu

Rakaman

Anda Mungkin Suka

Lihat lebih banyaklogo

Senarai Audio Video Berkaitan

Lihat lebih banyaklogo