menu-iconlogo
huatong
huatong
avatar

For My Little Girl

Athen Cho Swehuatong
mj.gladdenhuatong
Lirik
Rakaman
သီချင်း - For My Little Girl (produced by Myo Zaw Htet)

တေးဆို - အေသင်ချိုဆွေ (Lyriced by Eaint Chit )

တချိန်က အချစ်ကိုရူးမိုက်စွာန့ဲ

ယုံကြည်ပြီး ကိုးကွယ်လို့ဘ၀ကိုပုံပေးခဲ့

နောက်ဆုံး ရလဒ်က ကျန်ရစ်ခဲ့ရခြင်းတဲ့

အချစ်ရဲ့ရလဒ်များ ဒါဟာတရားရဲ့လား

ငိုနေတဲ့ မျက်ရည်များသုတ်ကာအားတင်းရင်း

ဒီဘ၀ထဲရောက်လာတဲ့ သမီးလေးလက်ကိုကိုင်ဆွဲလို့

မာန်တင်းရှေ့ဆက်ဖို့ ငါဆုံးဖြတ်ပြီးပြီမို့

ဘယ်သူတွေကဲ့ရဲ့မလဲ ရင်ဆိုင်မယ်အားတင်းထား

ရှောင်တိမ်းလို့ပြေးထွက်သွားတဲ့ အဖေဆိုတာကိုမမျှော်လင့်နဲ့

ဒီလိုမပြောရက်လဲ ရင်နာနာနဲ့ပြောချင်မိတယ်

ငိုကြွေးရမယ့်နေ့ရက်တို့ချန်ကာ ပျော်စရာများဘဲဖန်တီးမယ်

အမေ့ဘ၀မှာ သမီး ရှိရင် ...

အမေ့ရဲ့ဒီရင်ထဲ မီးတောက်လောက်နေလည်း

သမီးလေးဘ၀တော့ အေးမြစေရမယ် ကတိပေးတယ်

ငါတစ်ယောက်တည်းအားနဲ့ဘဲ

ရှေ့ဆက်နေမှာဘဲ ရဲရဲရင်ဆိုင်မယ်

သမီးလေးဘ၀တော့ လင်းလက်နေရမယ်

ကတိပေးတယ် ဒါအမေတစ်ယောက်သစ္စာဘဲ

ယုံကြည်ထားသမီးရယ် ..

လူတိုင်းအမှားတွေမကင်းကြပေမဲ့

ဖြူစင်တဲ့ သမီးလေးဘ၀ကို အမည်းစက်မစွန်းစေဖို့

ကာကွယ်လို့ အမြဲစောင့်ရှောက်မယ် အချစ်တွေပေးလို့

နောင်တမရပါကွယ် တကြိမ်တခါမှားခဲ့ပေမဲ့

ရှောင်တိမ်းလို့ပြေးထွက်သွားတဲ့ အဖေဆိုတာကိုမမျှော်လင့်နဲ့

ဒီလိုမပြောရက်လဲ ရင်နာနာနဲ့ပြောချင်မိတယ်

ငိုကြွေးရမယ့်နေ့ရက်တို့ချန်ကာ ပျော်စရာများဘဲဖန်တီးမယ်

အမေ့ဘ၀မှာ သမီး ရှိရင် ...

အမေ့ရဲ့ဒီရင်ထဲ မီးတောက်လောက်နေလည်း

သမီးလေးဘ၀တော့ အေးမြစေရမယ်

ကတိပေးတယ် ငါတစ်ယောက်တည်းအားနဲ့ဘဲ

ရှေ့ဆက်နေမှာဘဲ ရဲရဲရင်ဆိုင်မယ်

သမီးလေးဘ၀တော့ လင်းလက်နေရမယ်

ကတိပေးတယ် ဒါအမေတစ်ယောက်သစ္စာဘဲ

ယုံကြည်ထားသမီးရယ် ..

ဟိုး... စိတ်ဓါတ်ကျစရာဘာမှမလိုဘူး

သမီးလေးအရှေ့မှာ သေသည့်ထိရပ်တည်မယ်

အမေ့ရဲ့ဒီရင်ထဲ မီးတောက်လောက်နေလည်း

သမီးလေးဘ၀တော့ အေးမြစေရမယ်

ကတိပေးတယ် ငါတစ်ယောက်တည်းအားနဲ့ဘဲ

ရှေ့ဆက်နေမှာဘဲ ရဲရဲရင်ဆိုင်မယ်

သမီးလေးဘ၀တော့ လင်းလက်နေရမယ်

ကတိပေးတယ် ဒါအမေတစ်ယောက်သစ္စာဘဲ

ယုံကြည်ထားသမီးရယ် ..

ယုံကြည်ထားသမီးရယ် ..

ယုံကြည်ထားသမီးရယ် ..

Lebih Daripada Athen Cho Swe

Lihat semualogo