menu-iconlogo
huatong
huatong
avatar

စိတ်ကူးယဉ်အိမ်

Htoo El Linnhuatong
nicholsonlauriehuatong
Lirik
Rakaman
သီချင်း - စိတ်ကူးယဉ်အိမ်

တေးဆို - ထူးအယ်လ်လင်း

ကြယ်တွေကြွေသွားလား ဒါသင်္ခါရတရား

လွင့်ပြယ်လို့မသွားပါ

မင်းအပေါ်ချစ်ခြင်းများ.. စိတ်ချ

ငါနာကျင်သွားအောင်

နင်မလွန်ဆန်နဲ့ကွာ

ဘဝဟာခဏလေးမို့ အချစ်ကိုတန်ဖိုးထား

ငါဟာ မင်းဘက်ကလူပါ...

ဟေ့.. ဒီကမ္ဘာမှာငါဆိုတာ အပျော်ဆုံးပဲ

ဟေ့.. လူပုံအလယ် ကြေငြာလိုက်ဦးမယ်

ဟေ့.. သေချာတယ် နင်ဟာငါ့အတွက်

ဘုရားသခင်ဖန်တဲ့ ဖူးစာရှင်လေးရေ

ဟေ့.. ငါတကယ်ကို ကျေးဇူးအထူးတင်တယ်

ဟေ့.. လူဖြစ်ကျိုးနပ်ပြီ

ဟေ့.. ခိုင်မာအောင် အတူတည်ဆောက်မယ့်

ကောင်းကင်ဆန်တဲ့ နှစ်ယောက်တူအိမ်လေးရေ...

နှစ်ကိုယ်အတူနေတဲ့အခါ အပင်တွေစိုက်ထားမှာ

ကံကော်ခရေတစ်ချို့နဲ့ အသီးနှံစိုက်ခင်းများ...

အပြင်မှာတောင်တန်းတွေ မြူတွေရစ်ဆိုင်းနေ

သန့်စင်နေတဲ့လေ အသက်ရှူလိုက်တိုင်းဟေ့..

နေမယ် တို့စိတ်ကူးယဉ်အိမ်..

ဟေ့.. ဒီကမ္ဘာမှာငါဆိုတာ အပျော်ဆုံးပဲ

ဟေ့.. လူပုံအလယ် ကြေငြာလိုက်ဦးမယ်

ဟေ့.. သေချာတယ် နင်ဟာငါ့အတွက်

ဘုရားသခင်ဖန်တဲ့ ဖူးစာရှင်လေးရေ

ဟေ့.. ငါတကယ်ကို ကျေးဇူးအထူးတင်တယ်

ဟေ့.. လူဖြစ်ကျိုးနပ်ပြီ

ဟေ့.. ခိုင်မာအောင် အတူတည်ဆောက်မယ့်

ကောင်းကင်ဆန်တဲ့ နှစ်ယောက်တူအိမ်လေးရေ...

ပျော်စရာရှိရင်တွေ့မယ်

လွမ်းစရာလေးတွေရှေ့မှာစောင့်နေ

ဇာတ်လမ်းဟောင်းလေးတွေအတိုင်း

အဆုံးသတ်မလှမှာ သိပ်ကြောက်ခဲ့

မင်းရဲ့အဝေးမှာ မဆွေးချင်ဘူး

တို့တွေ အိုသည်အထိလေ...

ငါ့ဘေးနားမှာ နင်အမြဲရှိပါ

လည်ပြန်နှုတ်ဆက်ခွဲထွက်မသွားဖို့ ကတိပေးပါ

ဟေ့.. ဒီကမ္ဘာမှာငါဆိုတာ အပျော်ဆုံးပဲ

ဟေ့.. လူပုံအလယ် ကြေငြာလိုက်ဦးမယ်

ဟေ့.. သေချာတယ် နင်ဟာငါ့အတွက်

ဘုရားသခင်ဖန်တဲ့ ဖူးစာရှင်လေးရေ

ဟေ့.. ငါတကယ်ကို ကျေးဇူးအထူးတင်တယ်

ဟေ့.. လူဖြစ်ကျိုးနပ်ပြီ

ဟေ့.. ခိုင်မာအောင် အတူတည်ဆောက်မယ့်

ကောင်းကင်ဆန်တဲ့ နှစ်ယောက်တူအိမ်လေးရေ...

Lebih Daripada Htoo El Linn

Lihat semualogo