menu-iconlogo
huatong
huatong
avatar

သုံ့ပန်း

Idiotshuatong
naphanaphahuatong
Lirik
Rakaman
သီချင်း သုံ့ပန်း

တေးဆို အောင်သီဟ

နီးစပ်ဖို့မင်းကို တောင်းဆိုခဲ့ဖူးလည်း

ကိုယ်ဟာမင်းထားတဲ့ ဘဝမှာနေခဲ့တယ်

မပျော်ရွှင်ပေမယ့် မင်းရဲ့သဘောပဲ

အိုး ရပါတယ်

အသိုင်းအဝိုင်းသစ်ထဲမှာ မင်းပျော်ပုံရတယ်

ရင်ခွင်ဟောင်းထဲက စွန့်ခွာတော့မလားကွယ်

မခုံမင်တော့ဘူး နားလည်ထားလည်း

ရှင်းပြစေချင်တယ်

အကြိမ်ကြိမ် ကိုယ်လွန်ဆန်ဖို့ကြိုးစားခဲ့လည်း

အကြိမ်တိုင်းပဲ ရှုံးနိမ့်ရမြဲ

ဘယ်လိုတန်ခိုးသတ္တိတွေနဲ့ ပြုစားထားခဲ့လည်း

မင်းစိတ်ဆန္ဒ မင်းရဲ့အလိုကျ

မလွန်ဆန်နိုင်တာကို သိရက်မဟုတ်လား

ကိုယ့်နှလုံးသားမာန ရှုံးနိမ့်ခဲ့သမျှ

ဗွေမယူနိုင်ပါ ကိုယ်ခွင့်လွှတ်ပေးရ

နာကျင်နေတာတောင် ကြိတ်မှတ်ခံစား

မင်းအချစ်တွေမှာ အကျဉ်းကျနေ

ထာဝရ သုံ့ပန်းပါ

မထားခဲ့ဖို့ မင်းကို တောင်းပန်ခဲ့ဖူးလည်း

ဘာတွေမင်းဆုံးဖြတ်ဖြတ်ပါ ကိုယ်မငြင်းခဲ့

ဒီရင်မှာ ခံစားချက်တွေ ပြည့်နှက်

မွန်းကြပ်နေတယ်

စိတ်ထွက်ပေါက်များစွာရှိတာ ကိုယ်သိရက်

နင်မကြိုက်မှန်းသိလို့ ဘဝကိုလှောင်ပိတ်ခဲ့

နင်မမြင်နိုင်ပေမယ့်

အပြစ်တော့မပြောရက် ငါ့ဘဝပါလေ

အကြိမ်ကြိမ် ကိုယ်လွန်ဆန်ဖို့ကြိုးစားခဲ့လည်း

အကြိမ်တိုင်း ကျရှုံးနိမ့်ရမြဲ

မလွန်ဆန်နိုင်တဲ့ တန်ခိုးသတ္တိတွေနဲ့

ပြုစားထားခဲ့လည်း

မင်းစိတ်ဆန္ဒ မင်းရဲ့အလိုကျ

မလွန်ဆန်နိုင်တာကို သိရက်မဟုတ်လား

ကိုယ့်နှလုံးသားမာန ရှုံးနိမ့်ခဲ့သမျှ

ဗွေမယူနိုင်ပါ ကိုယ်ခွင့်လွှတ်ပေးရ

မင်းစိတ်ဆန္ဒ မင်းရဲ့အလိုကျ

မလွန်ဆန်နိုင်တာကို သိရက်မဟုတ်လား

ကိုယ့်နှလုံးသားမာန ရှုံးနိမ့်ခဲ့သမျှ

ဗွေမယူနိုင်ပါ ကိုယ်ခွင့်လွှတ်ပေးရ

နာကျင်နေတာတောင် ကြိတ်မှတ်ခံစား

မင်းအချစ်တွေမှာ အကျဉ်းကျနေ

ထာဝရ သုံ့ပန်းပါ

မလွတ်မြောက်နိုင်ပါ

မင်းအတွက်ကိုယ်ထာဝရ သုံ့ပန်းပါ

Lebih Daripada Idiots

Lihat semualogo