menu-iconlogo
huatong
huatong
avatar

ရွှေရောင်နေ့ရက်များ

N Kai Yarhuatong
slsigmonhuatong
Lirik
Rakaman
သီချင်း - ရွှေရောင်နေ့ရက်များ

တေးဆို - Nကိုင်ရာ

ကြင်နာသူလက်ကို ယုံကြည်စွာကိုင်စွဲကာ

စိတ်ကူးတည့်ရာဆီကို တစ်လှမ်းချင်းရှေ့ဆက်မယ်

အဆုံးအစမဲ့တဲ့ ကောင်းကင်ပြာအောက်မှာ

ဘဝခရီးလမ်းကိုအချစ်တို့ခင်းကာလျှောက်မယ်

ကြင်နာသူလက်ကို ခိုင်မာစွာကိုင်ထားမယ်

အနိုင် အရှုံး အမှား အမှန်တွေကို

ခဏတော့သိမ်းထားကွယ်

အတားအဆီးအနှောင့်အယှက်များကို ကျော်ဖြတ်ကာ

မျှော်လင့်ထားတဲ့ တို့ကမ္ဘာငယ်ကိုသွားကြမယ်နော်

လေနှင်ရာခရီးမှာ အဆိုးများကြုံတဲ့အခါ

အားပေးမယ့်အဖော် တို့တွေကိုယ်စီရှိထားတယ်

လေနှင်ရာခရီးမှာ လွတ်လပ်ပေါ့ပါးစွာ

အချစ်တို့ရှိရင် ဘဝမှာလေ အရာရာပြည့်စုံ

(ငြိမ်းချမ်းသွားမှာပဲ)

ကြင်နာသူအရိပ်မှာ ဂုဏ်တွေငွေတွေမလိုတော့ပါ

ဆုတောင်းထက်တောင်ပိုတဲ့ အချစ်တို့ရှိခဲ့ပြီ

တစ်ယောက်နဲ့တစ်ယောက်က အမုန်းတွေမရှိဘူးပေါ့

ကြည်နူးမှုတွေအပြည့်နဲ့ တို့ကမ္ဘာလေးပါ

အချိန်တွေကြာသွားလည်း သံစဉ်တွေမပြယ်ဘူးကွယ်

ချစ်ခြင်းမေတ္တာသီတဲ့ ကြိုးများနဲ့မြဲမယ်

ငြိမ်းချမ်းအေးမြခြင်းတွေ တစ်သက်လုံးပေါ့

ကမ္ဘာကြီးထဲမှာ တို့ပိုင်ဆိုင်တဲ့ချစ်ရိပ်မြုံလေး

ရွေရောင်အိပ်မက်တွေ တို့အတွက်မလိုတော့ပါ

အားပေးမယ့်အဖော် တို့တွေကိုယ်စီရှိထားတော့

ရွှေရောင်အိပ်မက်တွေ လိုက်လို့မရှာတော့ပါ

အချစ်တို့ရှိရင် ဘဝမှာလေအရာရာပြည့်စုံ

(ငြိမ်းချမ်းသွားမှာပဲ)

(ရွေရောင်အိပ်မက်တွေ တို့အတွက်မလိုတော့ပါ)

အားပေးမယ့်အဖော် တို့တွေကိုယ်စီရှိထားတော့

(ရွှေရောင်အိပ်မက်တွေ လိုက်လို့မရှာတော့ပါ)

အချစ်တို့ရှိရင် ဘဝမှာလေအရာရာပြည့်စုံ လား..လား..

ရွေရောင်အိပ်မက်တွေ တို့အတွက်မလိုတော့ပါ

အားပေးမယ့်အဖော် တို့တွေကိုယ်စီရှိထားတော့

ရွှေရောင်အိပ်မက်တွေ လိုက်လို့မရှာတော့ပါ

အချစ်တို့ရှိရင် ဘဝမှာလေအရာရာပြည့်စုံ လား..လား..

Lebih Daripada N Kai Yar

Lihat semualogo
ရွှေရောင်နေ့ရက်များ oleh N Kai Yar - Lirik dan Liputan