menu-iconlogo
huatong
huatong
phyo-gyi--cover-image

ဒေါသထွက်နေတဲ့လူအုပ်ကြီးအကြောင်း

Phyo Gyihuatong
nationalpahuatong
Lirik
Rakaman
သီချင်း - ဒေါသထွက်နေတဲ့လူအုပ်ကြီး

တေးဆို - ဖြိုးကြီး

ညဘက်ညဘက် လျှောက်လျှောက်ပြီးမထွက်နဲ့

ဆူညံပူညံကြားတိုင်းသွားမကြည့်နဲ့

အေးအေးဆေးဆေးအိမ်မှာနေပါကွယ်

ဒီအချိန် ဒီအခါကြီးက ရှုပ်ရှုပ်ယှက်

ဘယ်သူအဖေခေါ်ရမှန်းလဲမသိတယ်

လက်သည်းဝှက်ထားတဲ့ကြောင်အိုတွေရှိသတဲ့

ဒေါသထွက်နေတဲ့ လူအုပ်ကြီးရှိသတဲ့

ဘယ်ကရောက်လာပြီး ဘယ်ပျောက်မှန်းမသိတဲ့

ဒေါသထွက်နေတဲ့ လူအုပ်ကြီးရှိသတဲ့

ဒီလူတွေ အကြံအစည်တစ်ခုတော့ရှိရမယ်

အရက်မသောက်ကြနဲ့ နွားနို့ပဲသောက်တဲ့

ချွေတာပါကွယ် ထမင်းတနပ်လျှော့စားတဲ့

အိမ်မှာမီးပြတ်တော့လည်း ဖယောင်းတိုင်ထွန်းပေါ့ကွယ်

ညဘက်ညဘက် လျှောက်လျှောက်ပြီးမထွက်နဲ့

ဆူညံပူညံကြားတိုင်းသွားမကြည့်နဲ့

အေးအေးဆေးဆေး အိမ်မှာနေပါကွယ်

အရက်မသောက်ကြနဲ့ နွားနို့ပဲသောက်တဲ့

ချွေတာပါကွယ် ထမင်းတနပ်လျှော့စားတဲ့

အိမ်မှာမီးပြတ်တော့လည်း ဖယောင်းတိုင်ထွန်းတဲ့ကွယ်

ဒေါသထွက်နေတဲ့ လူအုပ်ကြီးရှိသတဲ့

ဘယ်ကရောက်လာပြီး ဘယ်ပျောက်မှန်းမသိတဲ့

ဒေါသထွက်နေတဲ့ လူအုပ်ကြီးရှိသတဲ့

ဒီလူတွေ အကြံအစည်တစ်ခုတော့ရှိရမယ်

ဒီလူတွေ အကြံအစည်တစ်ခုတော့ရှိရမယ်

ဒီလူတွေ အကြံအစည်တစ်ခု .. ရှိရမယ်

နား.... နား ... နာ ...

Lebih Daripada Phyo Gyi

Lihat semualogo