menu-iconlogo
huatong
huatong
avatar

အတ္တသမားကျွန်တော်

Playboy Than Nainghuatong
mimijeaneshuatong
Lirik
Rakaman
သီချင်း - အတ္တသမားလေးကျွန်တော်

တေးဆို - ပလေးဘွိုင်သန်းနိုင်

ငါဆိုတဲ့ အတ္တအစွဲတွေမကင်းခင်

ငါကိုယ်တိုင် အမှားလုပ်မိမှာပဲ

လူကိုလူချင်းချစ်တဲ့ စိတ်ကလေးမဝင်

ငွေခင်ရင် အရူးအမူးဖြစ်မှာပဲ

မာန်မာနတတ်တယ် ထင်တာလေးလုပ်မယ်

မှန်တယ်လို့ ထင်သော်လည်းကွယ်

ဝန်ခံဖို့ ခက်တယ်

လူသားမှာ အမှားဝင်္ကန္တနဲ့

အစဉ်ရှုပ်ထွေး အမှားများလို့

ကျွန်တော်ဟာ အတ္တစိတ်လွန်ကဲလို့

ဒီလူမှာ ဝဋ်လိုက်လို့လာပါပြီ

ဘာဆိုတာမပြောလည်း သိပါလိမ့်မယ်

အရာရာမှာ ဆုံးရှုံးနစ်နာနေပြီ

ဟေး ... ဗုဒ္ဓဘုရား ဟောလေသည်မှာ

မွန်မြတ်စိတ်ထားကြ

တူညီခြင်းအလှ လူလူချင်းသွေးဆက်ပါ

ဟေး ... ဗုဒ္ဓဘုရား ဟောလေသည်မှာ

မွန်မြတ်စိတ်ထားကြ

တူညီခြင်းအလှ လူလူချင်းသွေးဆက်ပါ

ငါဆိုတဲ့ အတ္တအစွဲမကင်းခင်

ငါကိုယ်တိုင် အမှားလုပ်မိမှာပဲ

လူကိုလူချင်းချစ်တဲ့ စိတ်ကလေးမဝင်

ငွေခင်ရင် အရူးအမူးဖြစ်တာပဲ

မာန်မာနတတ်တယ် ထင်တာလေးလုပ်မယ်

မှန်တယ်လို့ ထင်သော်လည်းကွယ်

ဝန်ခံဖို့ခက်တယ်

လူသားမှာအမှား ဝင်္ကန္တနဲ့

အစဉ်ရှုပ်ထွေး အမှားများလို့

ကျွန်တော်ဟာ အတ္တစိတ်လွန်ကဲလို့

ဒီလူမှာ ဝဋ်လိုက်လို့လာပါပြီ

ဘာဆိုတာမပြောလည်း သိပါလိမ့်မယ်

အရာရာမှာ ဆုံးရှုံးနစ်နာနေပြီ

ဟေး ... ဗုဒ္ဓဘုရား ဟောလေသည်မှာ

မွန်မြတ် စိတ်ထားကြ

တူညီခြင်းအလှ လူလူချင်းသွေးဆက်ပါ

Lebih Daripada Playboy Than Naing

Lihat semualogo