menu-iconlogo
huatong
huatong
avatar

မေမြို့မိုး

Sai Htee Sainghuatong
msky2406huatong
Lirik
Rakaman
သီချင်း - မေမြို့မိုး

တေးဆို - စိုင်းထီးဆိုင်

ရွာမလိုလို လာမလိုလိုနဲ့

လေယူရာ ပါသွားတဲ့မိုးတိမ်လို

မြင်သာမြင် မကြင်ရတဲ့မေတ္တာ

မေမြို့မှာ မိုးခေါင်တာ ကြားဖူးပြီ

မေမြို့မှာ မိုးခေါင်တာ ကြားဖူးပြီ

သူမချစ်တာကိုး … သူမချစ်တာကိုး

ဘယ်လိုမှ အပြစ်ပြောဖို့မရှိပြီ

ဟိုအရင် တစ်ခါက

ရေစိုထမိန်နဲ့ မိုးရေမှာ လှပခဲ့ဖူးတာ

ပြန်မြင်ယောင်တယ် ရင်နာရုံကလွဲပြီးတော့

ဘာမှ မတတ်နိုင်ဘူး

ခွင့်လွှတ်လိုက်ရပြီ

စွန့်လွှတ်လိုက်ရပြီ

လက်လျော့လိုက်ရပြီ

အို မေမြို့မိုး အစိုးမရတော့ပြီ

အို မေမြို့မိုး အကိုးမရတော့ပြီ

အို ဟို ဟို ဟိုး

မေမြို့မိုး … မေမြို့မိုး

ပြန်ကြုံရင် ရင်ခုန်နေဆဲ

ဖွေသာဖွေ အဖြေမရှိတဲ့ ပုစ္ဆာလို

မှန်သာမှန် အမှတ်မပေးရ သစ္စာ

မေမြို့မှာ မိုးခေါင်တာ ကြားဖူးပြီ

မေမြို့မှာ မိုးခေါင်တာ ကြားဖူးပြီ

သူပစ်ခွာလို့ … သူပစ်ခွာလို့

အခြေအနေတွေ တစ်မျိုးပြောင်းလည်းခဲ့ပြီ

ဒီလိုအချိန်မှာ လူမြင်မခံတဲ့ မျက်ရည်တွေ

တိတ်တခိုးလေး ကျနေ

ရင်နာတာကို မနာသလိုနေပြတဲ့ကြားတည်း

ဘာမှ မတတ်နိုင်ဘူး

ယောကျ်ားလည်း အသည်းနဲ့

ယောကျ်ားလည်း အလွမ်းနဲ့

ယောကျ်ာလည်း အဆွေးနဲ့

အို မေမြို့မိုး အစိုးမရတော့ပြီ

အို မေမြို့မိုး အကိုးမရတော့ပြီ

အို ဟို ဟို ဟိုး

မေမြို့မိုး … မေမြို့မိုး

တစ်ခါတလေလည်း ပြန်မျှော်နေမိ

ဆန္ဒတွေရှိလွန်းလို့ မဟုတ်ပါလေ

မပြင်နိုင်တဲ့ အချစ်ဟောင်းတစ်ခု သဘောပါ

မေမြို့မှာ မိုးပြန်ရွာဦးမလား

မေမြို့မှာ မိုးပြန်ရွာဦးမလား

ဘယ်သူပြောနိုင်မလဲ

ဘယ်သူပြောနိုင်မလဲ

အချိန်ဆိုတာ အကောင်းဆုံးမေ့ဆေးပါ

ဂီတာအိုတောင် ပျိုရွယ်နေဆဲတေးသံနှယ်

သီချင်းသစ် ဖြစ်သေးရင်

အကြင်နာဆိုတာ

ဒီတစ်ယောက်နဲ့ပဲ ပြီးသင့်သလား

ငါလည်း ငါ့အနာဟောင်းနဲ့

အချစ်တစ်ခုဖြစ် ရော့လာ

ဘဝတစ်ခုဖြစ် ရော့လာ

စဉ်းစားကြည့်စမ်းပါ

အို မေမြို့မိုး အစိုးမရတော့ပြီ

အို မေမြို့မိုး အကိုးမရတော့ပြီ

အို ဟို ဟို ဟိုး

မေမြို့မိုး .. မေမြို့မိုး

Lebih Daripada Sai Htee Saing

Lihat semualogo
မေမြို့မိုး oleh Sai Htee Saing - Lirik dan Liputan