menu-iconlogo
huatong
huatong
sai-sai-kham-leng-yee-zar-sar-cover-image

Yee Zar Sar

Sai Sai Kham Lenghuatong
pigspenshuatong
Lirik
Rakaman
ကောင်ကလေးတွေက ရည်းစားစကားမပြောရဲလို့ရှိရင်

ရည်းစားစာရေးတက်ကြတယ်

ဒီတစ်ခုက စိုင်းစိုင်းရေးတဲ့ရည်းစားစာ

ငြိမ်းချမ်းပါစေကောင်မလေးရေ

ရင်ထဲကအချစ်များနဲ့

အိပ်မက်တစ်လို အနာဂတ်တစ်ခုကို

ထာဝရအတွက်ဖန်ဆင်းမယ်

အေးချမ်းပါစေချစ်သူလေးရေ

ငါမင်းအတွက်အချိန်တိုင်းရှိမယ်

ကမ္ဘာတစ်ခုလုံးကိုငါအော်ပြောလိုက်မယ်

ဒီတယောက်တည်းပဲချစ်ပါတယ်

စိတ်ဓာတ်မကျပါနဲ့မင်းရဲ့အိပ်မက်ပြိုကျတိုင်း

ငါ့ပခုံးကိုခေါင်းအုံးလုပ်လို့စိတ်ရှိလက်ရှိပေါ့ငိုချလိုက်

အတိတ်ဆိုးတွေအားလုံးမေ့ ဝဲပစ်လိုက်တော့ဟိုးအဝေး

ဒီနေ့ကစနောက်ဘဝထိ အလွမ်းနဲ့အဆွေးနဲ့ဝေးပါစေ

ပူပင်သောကတွေပေးမယ့်

ပတ်ဝန်းကျင်ကိုအဆက်အသွယ်ဖြတ်

လူတွေကအတင်းသိပ်ပြောတယ်

နားထောင်မိရင် အသက်ရှူကြပ်မယ်

ရှုပ်တယ်ဟုတ်တယ်ခေါင်းမငုံ့နဲ့ခေါင်းကိုမော့

သံသရာဟာလည်နေစမြဲအဆိုးပြီးတော့အကောင်းတွေပေါ့

လက်တွဲတွေတကယ်ခိုင်မြဲရင် အနာဂတ်ကိုရင်ဆိုင်ရဲတယ်

ဘယ်လိုပုံစံစိန်ခေါ်ဦးမလဲလောက ငါယှဉ်ပြိုင်ရဲတယ်

နတ်စီတဲ့အိပ်မက်တွေက လွယ်လွယ်နဲ့မရနိုင်ဘူးတဲ့

ငါ့ကျောမှာမင်းကိုပိုးပြီး ကြယ်တံခွန်လည်း ငါဆွတ်ခူးမယ်

ငြိမ်းချမ်းပါစေကောင်မလေးရေ

ရင်ထဲကအချစ်များနဲ့

အိပ်မက်တစ်လို အနာဂတ်တစ်ခုကို

ထာဝရအတွက်ဖန်ဆင်းမယ်

အေးချမ်းပါစေချစ်သူလေးရေ

ငါမင်းအတွက်အချိန်တိုင်းရှိမယ်

ကမ္ဘာတစ်ခုလုံးကိုငါအော်ပြောလိုက်မယ်

ဒီတယောက်တည်းပဲချစ်ပါတယ်

မနေ့ညကအိမ်မက်ထဲမှာကျွန်တော့်နတ်သမီးလေးအသေလှတယ်

သတိုးသမီးဝတ်စုံနဲ့ နှင်းဆီပန်းတွေအရှေ့မှာကြွေကျတယ်

ကင်မရာမီးတဖျတ်ဖျတ်နဲ့ ရင်ခုန်သံတလှပ်လှပ်နဲ့

အနီရောင်ကော်ဇောကြီးအထက်မှာ အပျော်တွေဆိုတာအကန့်အသတ်မဲ့

စိတ်ချပါကောင်မလေးမရှိတော့ဘူးအမှောင်ည တွေ

ငါ့အိမ်မက်ထဲကအတိုင်းပဲ မင်းနဲ့မင်္ဂလာဆောင်ပါရစေ

ဘဝရဲ့အချိုးအကွေ့အနိမ့်အမြင့်အတက်အကျ ဒုက္ခနဲ့ကြုံရပါစေ

ဆင်းရဲပါစေချမ်းသာ ပါစေ ကျန်းမာ ပါစေနာဖျားပါစေ

အသက်တဖြည်းဖြည်းကြီးလာတဲ့အခါ ဘုရားသွားဖော်ဆေးပေးမီးယူ

ဘဝဆက်တိုင်းအနားမှာအမြဲ ဘဝဆက်တိုင်းချစ်နေမယ့်သူ

ဆံပင်တွေဖြူသွားတွေကျိုးတဲ့အထိ ဒီရင်ခွင်မှာမှေးစက်လိုက်

အဘွားကြီးမျက်လှံးလေးမှိတ် အဘိုးကြီးချော့သိပ်မယ် Good night

ငြိမ်းချမ်းပါစေကောင်မလေးရေ

ရင်ထဲကအချစ်များနဲ့

အိပ်မက်တစ်လို အနာဂတ်တစ်ခုကို

ထာဝရအတွက်ဖန်ဆင်းမယ်

အေးချမ်းပါစေချစ်သူလေးရေ

ငါမင်းအတွက်အချိန်တိုင်းရှိမယ်

ကမ္ဘာတစ်ခုလုံးကိုငါအော်ပြောလိုက်မယ်

ဒီတယောက်တည်းပဲချစ်ပါတယ်

ဟိတ်ဟိတ်မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့

မျှော်လင့်ခြင်းအသစ်ပြန်ဖြစ်ခဲ့ နက္ခတ်တွေစုံညီနေလို့

ဟိတ်ဟိတ်မိန်းကလေးတဒိတ်ဒိတ်ခုန်နေလို

လေပြေထဲမျောကာလွင့်ခဲ့ အိပ်ရာဝင်ပုံပြင်တွေလို

ဟိတ်ဟိတ်မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့

မျှော်လင့်ခြင်းအသစ်ပြန်ဖြစ်ခဲ့ နက္ခတ်တွေစုံညီနေလို့

ဟိတ်ဟိတ်မိန်းကလေးတဒိတ်ဒိတ်ခုန်နေလို

လေပြေထဲမျောကာလွင့်ခဲ့ အိပ်ရာဝင်ပုံပြင်တွေလို

ငြိမ်းချမ်းပါစေကောင်မလေးရေ

ရင်ထဲကအချစ်များနဲ့

အိပ်မက်တစ်လို အနာဂတ်တစ်ခုကို

ထာဝရအတွက်ဖန်ဆင်းမယ်

အေးချမ်းပါစေချစ်သူလေးရေ

ငါမင်းအတွက်အချိန်တိုင်းရှိမယ်

ကမ္ဘာတစ်ခုလုံးကိုငါအော်ပြောလိုက်မယ်

ဒီတယောက်တည်းပဲချစ်ပါတယ်

ငြိမ်းချမ်းပါစေကောင်မလေးရေ

ရင်ထဲကအချစ်များနဲ့

အိပ်မက်တစ်လို အနာဂတ်တစ်ခုကို

ထာဝရအတွက်ဖန်ဆင်းမယ်

အေးချမ်းပါစေချစ်သူလေးရေ

ငါမင်းအတွက်အချိန်တိုင်းရှိမယ်

ကမ္ဘာတစ်ခုလုံးကိုငါအော်ပြောလိုက်မယ်

ဒီတယောက်တည်းပဲချစ်ပါတယ်

Lebih Daripada Sai Sai Kham Leng

Lihat semualogo

Anda Mungkin Suka