menu-iconlogo
huatong
huatong
avatar

အချစ်ကိုဦးစားပေးခဲ့သူ

Saung Oo Hlainghuatong
pcorsi5huatong
Lirik
Rakaman
သီချင်း - အချစ်ကိုဦးစားပေးခဲ့သူ

တေးဆို - ဆောင်းဦးလှိုင် + စည်သူလွင် + အဲလက်စ်

ဟိုတုန်းကမတွေ့ခဲ့ရင်

ကိုယ်တို့ဇာတ်လမ်းလေးဟာလေ

တစ်မျိုးဖြစ်ခဲ့မယ်

ဘယ်လောက်ပဲ ချစ်လည်းကွယ်

ဒီလိုအချိန်မှတွေ့မယ်ဆိုရင်

မပြတ်သားနိုင်တယ်

ပြန်စဉ်းစားတိုင်း ကံကိုသာလေ

ကြည်နူးခြင်းတဝက်နဲ့အတူ အံ့သြမိတယ်

ငယ်ရွယ်သူမို့ အချစ်ဘက်ကို

အလေးသာ ပေးလိမ့်မယ်

သူသိသလိုပဲ

လူတစ်ဦးတိုင်းတစ်ယောက်တိုင်းမှာ

တစ်ချိန်ချိန်တော့ အချစ်ဆိုတာ

ရှိခဲ့ကြတယ်

လူသားတို့ပေါင်းမိရင်

ဘာရယ်ကြောင့်အားနည်းသူကို

မုန်းတတ်တာလဲ

ဒီပြောင်းလဲခြင်းနဲ့ ရင်ဆိုင်ရာမှာ

ဟိုတုန်းကကြောက်စိတ်တွေ

မရှိခဲ့ဘူးကွယ်

ငယ်ရွယ်သူအတွက် အချစ်တစ်ခုသာ

ကိုးကွယ်အားထားရာ ထင်မှတ်ယူမယ်

ကိုယ်လျှောက်ခဲ့တဲ့လမ်းဟာ

လိုအင်ဟူသမျှ ပြည့်စုံတယ်

မရှိသလောက်ပဲကွယ်

မျှော်လင့်ချက်နဲ့နှိုင်းရင်

ကြုံဆုံလာသမျှ အဖြစ်တွေဟာ

ကောင်းလွန်းပြန်တယ်

ရည်မှန်းချက်အတွက် ကြင်နာသူကို

တကယ်စွန့်တဲ့ သူရဲကောင်းတွေ

ရှိခဲ့လည်းကွယ်

ငယ်ရွယ်သူမို့ အချစ်ဘက်ကို

အလေးသာပေးခဲ့တာ အမှန်ဆုံးပါပဲ

လူတစ်ဦးတိုင်း တစ်ယောက်တိုင်းမှာ

တစ်ချိန်ချိန်တော့ အချစ်ဆိုတာ

ရှိခဲ့ကြတယ်

လူသားတို့ပေါင်းမိရင်

ဘာရယ်ကြောင့်အားနည်းသူကို

မုန်းတတ်တာလဲ

ဒီပြောင်းလဲခြင်းနဲ့ ရင်ဆိုင်ရာမှာ

ဟိုတုန်းက ကြောက်စိတ်တွေ

မရှိခဲ့ဘူးကွယ်

ငယ်ရွယ်သူအတွက် အချစ်တစ်ခုသာ

ကိုးကွယ်အားထားရာ ထင်မှတ်ယူမယ်

Lebih Daripada Saung Oo Hlaing

Lihat semualogo