menu-iconlogo
huatong
huatong
avatar

မမမိုး

Thar Ngehuatong
samcbride7huatong
Lirik
Rakaman
သီချင်​း - မမမိုး

​တေးဆို - သားငယ်​

​မေဘရဏီလို

ငွေပန်းချီတောင် လက်မှိုင်ချရသကိုး

အိုး မမမိုး...

တကယ်ပါလေ ယဉ်တာရှာဖွေ လူ့ဘဝတရိုး...

မယ်ဗမာ​တွေ ယှဉ်လာပါစေ သူ့အလှမချိုး...

ကေသာဆံရောင် တညို့ ညို့

ပါးကလေးတွေတောင် တမို့မို့

ပတ္တမြားသွေးလို

နုပျို ခုဆို သူ့နဂို

အယဉ်မှာအများထက်မိုး

အကြင်နာပွားလျက်တိုး

ဘဝင်မှာ စိုးအောင် မရိုးပေါင်ဗျို့

အိုး.. မေဘရဏီလို

ငွေပန်းချီတောင် လက်မှိုင်ချရသကိုး

အိုး.. မမမိုး...

သူ့မြင်ကတည်းက စွဲရသူကလေး...

ရှု့​စေချင်​ပဲအလှ အမြဲပဖြူဖွေး...

သောကြာကြယ်တနှုန်းလို

ပြုံးချို ပုန်​းခို အို ချစ်လို့မဆုံး...

ကြိုက်လို့မဆုံး...

အမိုက်တိုက်ဖုံး​ပေါ့ဗျို့

အိုး.. မေဘရဏီလို

ငွေပန်းချီတောင် လက်မှိုင်ချရသကိုး

အိုး.. မမမိုး...

မယ်ဥမ္မာအဆင်း မြင်ရာကို

သိဝိမင်းရဲ့ရင်မှာဖို

ကြည့်ကြည့်ရင်းနဲ့ ဆင်ပေါ်မရှောင်

ကြောင်တောင်မေ့သလို...

ဓလေ့ပါတယ်ဆို

ချစ်ခဲ့သရွေ့တော့ မလွန်ဆန်လို

အပြစ်နဲ့တွေ့တော့ ဝန်ခံရုံသာ ပုံပါဗျို့

အို.. မေဘရဏီလို

ငွေပန်းချီတောင် လက်မှိုင်ချရသကိုး

အိုး မမမိုး...

မောင် လာမယ် စောင့်ကြိုဆို

ဆောင် ကြာလယ် နှစ်ယောက်ထိုထို..

မရှောင်သာဖွယ် ပြုံးပန်းပွင့်အောင်ဗျို့

အို..မရိုးနိုင်အောင်ဆို

လှသမျှသတိုးမို့ အရည်တူသကို

မမမိုးလို့ အမည်ယူ ကြည်ဖြူစေချ င်​သဗျို့

မောင် လာမယ် စောင့်ကြိုဆို

ဆောင် ကြာလယ် နှစ်ယောက်ထိုထို..

မရှောင်သာဖွယ် ပြုံးပန်းပွင့်အောင်ဗျို့

အို..မရိုးနိုင်အောင်ဆို

လှသမျှသတိုးမို့ အရည်တူသကို

မမမိုးလို့ အမည်ယူ ကြည်ဖြူစေချ င်​သဗျို့.

အိုး.. မေဘရဏီလို

ငွေပန်းချီတောင် လက်မှိုင်ချရသကိုး

အိုး မမမိုး...

မောင် လာမယ် စောင့်ကြိုဆို

ဆောင် ကြာလယ် နှစ်ယောက်ထိုထို..

မရှောင်သာဖွယ် ပြုံးပန်းပွင့်အောင်ဗျို့

အို..မရိုးနိုင်အောင်ဆို

လှသမျှသတိုးမို့ အရည်တူသကို

မမမိုးလို့ အမည်ယူ ကြည်ဖြူစေချ င်​သဗျို့

အိုး.. မေဘရဏီလို

ငွေပန်းချီတောင် လက်မှိုင်ချရသကိုး

အိုး.. မမမိုး...

​မေဘရဏီလို

ငွေပန်းချီတောင် လက်မှိုင်ချရသကိုး

အိုး.. မမမိုး...

Lebih Daripada Thar Nge

Lihat semualogo